ကျုံပျော်မြို့နယ်၌ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၇၇၃ စု ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့‌နေထိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျုံပျော်မြို့နယ်၌ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၇၇၃ စု ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့‌နေထိုင်


ကျုံပျော်၊ ဩဂုတ်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်ကာ ရေဖြတ်သန်းစီးဆင်း၍ တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့ပြီး ရေကျော်စီးဝင်သဖြင့် ကျုံပျော်မြို့နယ် ဒါးကချောင်းရေ မြင့်တက်‌လာကာ ဩဂုတ်လ ၂၃ ရက်‌နေ့အထိ ချောင်းအနီးဝန်းကျင်တွင်နေထိုင်သော ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ထောင်စု  ၇၇၃ စု တို့သည် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့‌နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ  ရေဝင်ရောက်လျက်ရှိသော  နေအိမ်များမှ ပြည်သူများအား  မြို့နယ်တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ  ရေဘေးလွတ်ရာ နေရာများသို့ကူညီပို့ဆောင်ပေးခဲ့ကြသည်။

လက်ရှိ ကျုံပျော်မြို့နယ်တွင်  ရပ်ကွက် (၄) ခု၊  ကျေးရွာအုပ်စု(၁၀)ခုရှိ အိမ်ခြေ (၇၇၃)လုံး ရေဝင်ရောက်လျှက်ရှိပြီး၊  အဆိုပါနေအိမ်များမှ အိမ်ထောင်စု (၇၇၃)စုရှိ လူဦးရေ (၂၆၇၅)ဦးတို့သည်    မြို့နယ်အားကစားခန်းမ ရေဘေး ရှောင်စခန်းနှင့် ပင်လုံရပ်ကွက်၊ အင်းရဲလမ်းမှ မင်္ဂလာ ဝါးကျောင်း၊ ခဲဘောင်ဘုန်းတော်ကြီးကျောင်း၊ မြတ်ချမ်းသာ ဘုရားတန်ဆောင်း၊ အောင်မင်္ဂလာတပ်ဦးကျောင်း၊  ကြံလဟာကျေးရွာ  စိတ္တသုခဓမ္မာရုံ၊ သောင်ရွာကျေးရွာမှ မျက်ရှင်ဘုရားတန်ဆောင်းနှင့် မြတ်စောညီနောင် ဓမ္မာရုံ၊  ဖိုးထောင့်ဘုရားကြီးကျောင်း၊ ပျဉ်ချဆိပ် ရွာလယ် ဘုန်းကြီး‌ကျောင်း၊ ဇရပ်ကွင်းဘုန်းကြီးကျောင်း၊ စာဖြူစု ခရစ်ယာန်ဘုရားကျောင်း၊ ကျွန်းအင်းဘုန်းတော်ကြီး ကျောင်းအပါအဝင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေနှင့် စားဝတ်နေရေးတို့အတွက် ကူညီထောက်ပံ့ခြင်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းစီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)