လေးမျက်နှာမြို့ ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မအထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများ အသိပေးထုတ်ပြန်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့ ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မအထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများ အသိပေးထုတ်ပြန်ကြေညာ


လေးမျက်နှာ၊ ဩဂုတ် ၂၅

လေးမျက်နှာမြို့ ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများကို အောက်ပါအတိုင်း အသိပေးထုတ်ပြန်ထားကြောင်း Information Center များမှ သိရသည်။

- ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ(ကားဖြင့်)။

- နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု(ကားဖြင့်)- ခမောက်စုမှ အိုင်သပြု(စက်လှေ)။

- ဟင်္သာတ- တလုတ္ထော်-သင်္ကန်းတော -လဟာပ-စာရေးကွင်း(၆)ဘီးယာဥ်ဖြင့်။

- ဟင်္သာတ-တလုတ္ထော်-သင်္ကန်းတော-အုတ်ပုံ-ဇရပ်ကွင်း(ယာဥ်အလတ်)။

- ဟင်္သာတ-တလုတ္ထော်ရပ်ကွက် (၂) - တမိုင်- ကြပ်ပြေး-အုတ်ပုံ(ကားလေး)။

- ဟင်္သာတ-တလုတ္ထော် -မြို့ကွင်းတံတား -ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်းမှတစ်ဆင့် ဆိတ်နို့ကုန်း-လေးမျက်နှာတံတား (ကားဖြင့်)။

ရေအတက်အကျပေါ်မူတည်၍ လမ်းကြောင်းများပြောင်းလဲနိုင်ပါသဖြင့် လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်လှူဒါန်းလိုသည့် ပရဟိတစေတနာရှင်၊ အလှူရှင်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်အမှန်တကယ်အကျိုးရှိ ထိရောက်စွာ လှူဒါန်းနိုင်ရန်အတွက် လက်ရှိမြေပြင်အခြေအနေကို ဒေသရှိကွပ်ကဲရေးအဖွဲ့များနှင့် ချိတ်ဆက်၍ လမ်းညွှန်ချက်များ အတိုင်းပူးပေါင်းပါဝင်ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအသိပေး အပ်ပါသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)