ထုတ်လုပ်မှုအခြေခံစက်မှုစီးပွားရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားရေးမြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ထုတ်လုပ်မှုအခြေခံစက်မှုစီးပွားရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားရေးမြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြား


နေပြည်တော်၊ ဩဂုတ် ၃၁

ထုတ်လုပ်မှုအခြေခံစက်မှုစီးပွားရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားရေးမြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့က ကြားခဲ့သည်။

ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း) အစည်းအဝေးခန်းမ၌ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ ဆေးဝါးစက်ရုံ (အင်ရောင်း)နှင့် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)တို့မှ စက်ရုံမှူး၊ ဌာနတာဝန်ခံများ၊ အရာထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စက်ရုံမှူးများသည် ထုတ်လုပ်မှုလုပ်ငန်းများကို ကျွမ်းကျင်နေရုံဖြင့်မရဘဲ စီးပွားရေးသဘောတရားများကိုပါ နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူထားရန်၊ စက်ရုံရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် ထိရောက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု၊ စက်ရုံစီမံခန့်ခွဲမှုစနစ်များကိုလည်း ပြန်လည်သုံးသပ်ရန်၊ စက်ရုံမှူးများအနေဖြင့် အဓိကအောင်မြင်အောင်ဆောင်ရွက်ရမည့် အညွှန်းကိန်းများသတ်မှတ်ရေးဆွဲ၍ လုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)