ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုကျော် ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုကျော် ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲအချိန် သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ မကြည်ကြည်အေး(ခ)မကြည်အေး(ခ)အမိုး နှင့် မနန်းမြရင်(ခ)အေးငြိမ်း တို့ ၂ ဦးအား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက် ၆,၆၀၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံ)အား HIJET မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများကို ချမ်းမြသာစည်မြို့နယ်၊ ၆၁(ဘီ)လမ်းနှင့် ၁၁၁ လမ်းထောင့်တွင် လွှဲပြောင်းပေးခဲ့သူ ကျောက်မဲမြို့နေ စိုင်းနော်ခမ်း(ဖမ်းဆီးရန်ကျန်)နှင့် လားရှိုးမှ မန္တလေးသို့ ပို့ဆောင်ရောင်းချပေးသူမှာ လားရှိုးမြို့နယ်နေ အန်ဇန်(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)