ဗင်နီဇွဲလားရေနံစိမ်းတွေက အမေရိကန်ရဲ့လက်အောက်ကို ရောက်သွားပြီလို့ ထရမ့်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗင်နီဇွဲလားရေနံစိမ်းတွေက အမေရိကန်ရဲ့လက်အောက်ကို ရောက်သွားပြီလို့ ထရမ့်ကြေညာ


ဩဂုတ် - ၂၉ ( စနေနေ့ ) 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံနဲ့ သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဝါရှင်တန်အနေနဲ့ စည်ပေါင်း ၆၅ ဘီလီယံကျော်ရှိတဲ့ အတည်ပြုပြီးသား အရန်ရေနံစိမ်းအများစုကို ထိန်းချုပ်ခွင့် ရရှိခဲ့ပြီဟု ဆိုကာ ယင်းကို "ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ရေနံသဘောတူညီချက်" လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ စစ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက်တို့ဟာ ဗင်နီဇွဲလား ယာယီခေါင်းဆောင် ဒဲလ်စီ ရိုဒရီဂက်ဇ်၊ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမေရိကန် အခွန်ထမ်းတွေဘက်က "ပြားစေ့တစ်စေ့မှ အကုန်အကျမခံရဘဲ" အဆိုပါ အရန်ရေနံစိမ်းတွေအပေါ်  "အမေရိကန် အများစု ထိန်းချုပ်ခွင့်" ကို ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ထရမ့်က သောကြာနေ့မှာ ထရုသ်ဆိုရှယ် ကနေ ရေးသားခဲ့ပါတယ်။

အဆိုပါ အရောင်းအဝယ်ပြုလုပ်မှုဟာ "အမေရိကန်ရဲ့ ရေနံအရန်ပုံမှန်ပမာဏကို နှစ်ဆကျော် တိုးတက် စေခဲ့တယ်" လို့ ထရမ့်က ပြောကြားခဲ့ပြီး၊ ရေနံထောက်ပံ့မှုတွေကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး နောက်ဆုံးမှာ ဓာတ်ဆီဈေးနှုန်းတွေကို ကျဆင်းသွားစေမှာလို့ ဆိုပါတယ်။

အမေရိကန် စွမ်းအင်သတင်းအချက်အလက် အုပ်ချုပ်ရေးဌာန (EIA) ရဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေမှာ အမေရိကန်ရဲ့ အတည်ပြုပြီးသား ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် အရန်ပုံမှန်ပမာဏမှာ စည်ပေါင်း ၄၆ ဘီလီယံခန့် ရှိပါတယ်။ ဗင်နီဇွဲလားနဲ့ သဘောတူညီချက်မှာ ပါဝင်တဲ့ စည်ပေါင်း ၆၅ ဘီလီယံကို ထည့်ပေါင်း လိုက်ပါက အမေရိကန်မှာ ရေနံစိမ်းစည်ပေါင်း ဘီလီယံ ၁၀၀ ကျော်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာက  ဗင်နီဇွဲလားရေနံစိမ်းတွေက နည်းပညာအရ အမေရိကန် ပြည်တွင်းအရန်ပုံမှန်ရဲ့ အစိတ်အပိုင်း မဟုတ်သေးပေမဲ့ အမေရိကန်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာကတော့ အမှန်ပါပဲ ။ 

ဒီသဘောတူညီချက်ရဲ့ သက်တမ်း၊ ဘယ်ရေနံမြေတွေ ပါဝင်တယ်ဆိုတာ၊ ပိုင်ဆိုင်မှု ပုံစံအတိအကျနဲ့ ဘယ်ပုဂ္ဂလိက ကုမ္ပဏီတွေ ပါဝင်ဆောင်ရွက်မယ်ဆိုတာကိုတော့ ထရမ့်က ချက်ချင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒီအပတ် စောစောပိုင်းက မီဒီယာတွေရဲ့ သတင်းဖော်ပြချက်မှာ ဝါရှင်တန်ဟာ ရေနံစည် ဘီလီယံ ၉၀ နီးပါး ပါဝင်တဲ့ ဗင်နီဇွဲလား ရေနံမြေ ၁၇ ခုကို နှစ် ၁၀၀ ကြာ ငှားရမ်းမှုတွေကတစ်ဆင့် ရယူသုံးစွဲနိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေခဲ့တယ်လို့ သိရပါတယ်။

နီကိုလပ်စ် မာဒူရိုကို ရာထူးမှ ဖယ်ရှားခဲ့သည့် ဇန်နဝါရီလ စစ်ရေးဝင်ရောက်စီးနင်းမှု အပြီးတည်းက ဗင်နီဇွဲလားရဲ့ စွမ်းအင်ကဏ္ဍအပေါ် အမေရိကန်၏ ထိန်းချုပ်မှုကို လပေါင်းများစွာ တိုးမြင့်လာခဲ့ပြီးနောက် ယခုကဲ့သို့ စိစစ်တွန်းအားပေးမှုများ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဝါရှင်တန်အနေနဲ့ ဗင်နီဇွဲလား ရေနံစိမ်း ရောင်းချမှုများကို ထိန်းချုပ်ထားပြီးဖြစ်သလို ယင်းမှရရှိသည့် ဝင်ငွေများကိုလည်း အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ အကောင့်များတွင် ထိန်းသိမ်းထားရှိပြီး ဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)