တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ"ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့၏ ဩဝါဒခံယူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ"ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့၏ ဩဝါဒခံယူပွဲကျင်းပ







တာမွေ၊ ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ"ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ဘုရားများထံမှ ဩဝါဒခံယူပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ပင့်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က "နမော တဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ မြို့ဦးကျောင်းတိုက် ဆရာတော် သာသနဓဇဓမ္မာစရိယ၊ ဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ နာရဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ"ဓမ္မာရုံ စောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့ အမှုဆောင်အဖွဲ့ဝင်များမှ ဩဝါဒစရိယဆရာတော်များအား "ဧ"ဓမ္မာရုံနှင့် ပတ်သက်သည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့ပြီး "ဧ"ဓမ္မာရုံ ဩဝါဒစရိယဆရာတော် ဆုထူးပန် ရွှေကျင်ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တထံမှ ဩဝါဒအနုမောဒနာ တရား နာယူခဲ့သည်။ ထို့နောက် "ဧ"ဓမ္မာရုံ အမှုဆောင်အဖွဲ့မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး "ဧ"ဓမ္မာရုံ ဩဝါဒစရိယဆရာတော် မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက် တာမွေမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော် ဆောင်ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒောဘာသထံမှ ရေစက်ချတရားနာယူ၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အခမ်းအနားသို့ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ"ဓမ္မာရုံ စောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့ မှ ဩဝါဒစရိယဆရာတော်ကြီးများ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)