ကျောက်ဆည်မြို့နယ်ရှိ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများ စုပေါင်းဝါကောက်သိမ်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်ရှိ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများ စုပေါင်းဝါကောက်သိမ်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ


ကျောက်ဆည်၊ ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) ၌ မြစ်သားမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှ ဝါစိုက်တောင်သူများအားဖိတ်ကြား၍ ၁-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်မည့် နည်းစနစ်များဖြင့် စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် ဝါစိုက်ခင်းတွင် စုပေါင်းဝါကောက်သိမ်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကျင်းပသည်။

သရုပ်ပြပွဲတွင် လွန်ကျော်ခြံတာဝန်ခံ ဒေါက်တာ အေးအေးမြတ်က ချည်မျှင်ရှည်ဝါစိုက်ခင်း၌ ရွှေတောင်-၁၀ ဝါမျိုးဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးကြိုရာသီ၌ ၁၀ ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ပင်ကျပ်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ အပင်ကြီးထွားမှု ထိန်းညှိဆေး၊ ထိန်းချုပ်ဆေးများအသုံးပြု၍ ဓာတ်မြေဩဇာများကို လိုအပ်သည့်အချိန်၌ အချိုးကျသုံးစွဲခြင်း စသည့်နည်းစနစ်သုံးမျိုးဖြင့် စိုက်ပျိုးထားခြင်းအကြောင်း ရှင်းလင်းဆွေးနွေးသည်။ 

ဆက်လက်ပြီးဝါသီးနှံသည် အကြိမ်ကြိမ်ခွဲ၍ကောက်သိမ်းရသောသီးနှံဖြစ်ပြီး ယနေ့အချိန်၌ ဝါစိုက်တောင်သူများအတွက် လုပ်သားစရိတ်နှင့် လုပ်သားရှားပါးမှုပြဿနာများ ကြုံတွေ့နေရကြောင်း၊ ဝါကောက်စရိတ် များပြားလာခြင်းနှင့် အကြိမ်ကြိမ်ဝါကောက်သိမ်းရခြင်းကြောင့် အကျိုးအမြတ်နည်းနိုင်ကြောင်း၊ တစ်ကြိမ်တည်းဖြင့် ဝါကောက်သိမ်းနိုင်သည့် နည်းစနစ်ဖြင့်စိုက်ပျိုးပါက လုပ်သားစရိတ်လျှော့ချနိုင်ပြီး အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း၊ ဝါပင်သက်တမ်း လျှော့ချနိုင်ပြီး တစ်ပြိုင်နက်တည်း ဝါကောက်သိမ်းနိုင်ခြင်းဖြင့် နောက်ထပ်စိုက်ပျိုးမည့်သီးနှံကို ရာသီအမီ စိုက်ပျိုးနိုင်ကြောင်း စသည့်အကျိုးကျေးဇူးများကို ဒေါက်တာ အေးအေးမြတ်က ရှင်းပြသည်။ 

ထို့နောက် တန်းကြား ၂ ပေခွဲ၊ ပင်ကြား ၆ လက်မ ပင်ကျပ်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ရက်ပေါင်း ၁၄၀ သက်တမ်းရှိ တစ်ပြိုက်နက်တည်း ဝါကောက်စနစ်ဖြင့်စိုက်ပျိုးထားသည့် ဝါပေါက်နေသည့် သရုပ်ပြစိုက်ခင်း၌ တက်ရောက်လာသော တောင်သူများ စုပေါင်းဝါကောက်သိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သက်မောင်(ကျောက်ဆည်)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)