မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်











မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ယနေ့ ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ နားလည်မှုစာချွန်လွှာများအား နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)