နေပြည်တော်၊ သြဂုတ်လ ၂၆
ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက်လည်း လမ်းကြောင်းများတစ်လျှောက်၌ မလိုလားအပ်သည့် စစ်ဆေးရေးဂိတ်များ လျှော့ချသွားရန်လိုအပ်ကြောင်း ယမန်နေ့ (၂၅-၈-၂၀၂၆) ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသွားသည်။
နိုင်ငံတော်သမ္မတ က ကုန်သွယ်မှုနှင့်ပတ်သက်၍ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအားလုံးကို ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ သွင်းကုန်၊ပို့ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီမှုရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်စစ်ဆေး ဆောင်ရွက်ကြရန်လိုပြီး မရိုးမသားဆောင်ရွက်ခြင်းများကြောင့် မိမိတို့နိုင်ငံ၏ပုံရိပ်ကိုထိခိုက်နစ်နာမှုများ မဖြစ်စေရန်လိုကြောင်း၊ ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက်လည်း လမ်းကြောင်းများတစ်လျှောက်၌ မလိုလားအပ်သည့် စစ်ဆေးရေးဂိတ်များ လျှော့ချသွားရန်လိုသကဲ့သို့ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ကြပ်မတ်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်အခများမရရှိဘဲ ထိခိုက်နစ်နာခြင်း၊ အရည် အသွေးမပြည့်မီသည့် ပစ္စည်းများအား ပြည်သူများအနေဖြင့် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲနေရသဖြင့် ထိခိုက်နစ်နာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်မှုလျင်မြန်လုံခြုံချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး တာဝန်ရှိသူများက အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
#Myanmar #News

No comments:
Post a Comment