သံဖြူဇရပ်၊ သြဂုတ် ၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ သံဖြူဇရပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ (အတွင်းရေးမှူး) ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဥာဏ်ဝင်း၊ နည်းပြအရာရှိနှင့် စစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးက သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းသား (၂၈၀) ဦးအား သြဂုတ်လ (၃) ရက်နေ့မှ အောက်တိုဘာလ (၂၃) ရက်နေ့ထိ ရက်သတ္တပတ် (၁၂) ပတ်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment