ပခုက္ကူမြို့၊ ဓမ္မဗိမာန်တပ်ဦးကျောင်းရှိ သက်တော်ရှည်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking


ပခုက္ကူမြို့၊ ဓမ္မဗိမာန်တပ်ဦးကျောင်းရှိ သက်တော်ရှည်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း




ပခုက္ကူ၊ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဓမ္မဗိမာန်တပ်ဦးကျောင်းရှိ သက်တော်ရှည်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ ဓမ္မဗိမာန်တပ်ဦးကျောင်းရှိ သက်တော်(၁၀၄)နှစ်ပြည့် ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ မဟာထေရ် အရှင်သူမြတ်နှင့်ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်ထံမှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့်အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး ပခုက္ကူမြို့၊ တိလောကရာမကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တပညာဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)