ဂျူးဘာသာရေးအစွန်ရောက်တွေက ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့ကြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျူးဘာသာရေးအစွန်ရောက်တွေက ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့ကြ


ဩဂုတ် - ၄ ( အင်္ဂါနေ့ ) 

ဂျေရုဆလင်မြို့ဟောင်း က သမိုင်းဝင် စိန့်ဂျိမ်းစ် အာမေးနီးယန်း ဘုန်းကြီးကျောင်း  ကို တိုက်ခိုက်ခဲ့ကြတဲ့ ဂျူး ဘာသာရေးသမား ၆ ယောက်ကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အသက်မပြည့်သေးသူ ၅ ယောက်နဲ့ လူကြီး ၁ ယောက် ပါဝင်တဲ့ အဲဒီအုပ်စုဟာ တနင်္ဂနွေနေ့ညက ဘုန်းတော်ကြီးကျောင်း တံခါးဝကို တံတွေးနဲ့ထွေး၊ ရိုက်နှက်ပြီး အာမေးနီးယန်း သာသနာပိုင်ဌာနချုပ် ဖြစ်တဲ့ ကျောင်းဝင်းနံရံတွေကို ခဲနဲ့ပေါက်ခဲ့ကြတာကို ဗီဒီယိုရိုက်ကူးခံခဲ့ရပါတယ်။

အနီးအနား အဆောက်အအုံပေါ်က အာမေးနီးယန်း အမျိုးသမီးတစ်ယောက်က အဲဒီတိုက်ခိုက်မှုကို ဗီဒီယို ရိုက်ကူးနေချိန်မှာတော့ တိုက်ခိုက်သူတွေက သူမရဲ့ ပြတင်းပေါက်ဘက်ကို ခဲတွေနဲ့ ပေါက်ခဲ့ကြပြီး ဆဲဆိုကြိမ်းမောင်းခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ၆ ယောက်စလုံးကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအထဲက ၃ ယောက်ကို မြို့ဟောင်းအတွင်း ဝင်ရောက်ခွင့် ၁၅ ရက် ပိတ်ပင်ထားပြီး ကျန် ၃ ယောက်ကိုတော့ ချုပ်ရက်တိုးပေးဖို့ ဂျေရုဆလင် တရားရုံးကို ရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

အာမေးနီးယန်း သာသနာပိုင် အကြီးအကဲရုံး  က တရားဝင် တိုင်ကြားစာ ပေးပို့ထားပြီး အခုလို ဖြစ်စဉ်တွေကို အမုန်းတရားကြောင့် ကျူးလွန်တဲ့ ပြစ်မှု တွေအဖြစ် အသိအမှတ်ပြုဖို့ အစ္စရေးကို ဖိအားပေးပေးရန် အမေရိကန် သံအမတ်ကြီး မိုက် ဟာကာဘီ  ကို တောင်းဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂျေရုဆလင်နဲ့ အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ ခရစ်ယာန် ဘာသာဝင်တွေ၊ သာသနာ့ဝန်ထမ်းတွေနဲ့ ဘုရားကျောင်း ပိုင်ဆိုင်မှုတွေအပေါ် တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာတဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ခရစ်ယာန် ခေါင်းဆောင်တွေရဲ့ ပြောကြားချက်အရ ဘုန်းတော်ကြီးတွေနဲ့ ဘုရားဖူးလာသူတွေဟာ အစွန်းရောက် ဂျူးဘာသာရေးဝါဒီတွေနဲ့ အမျိုးသားရေးဝါဒီတွေရဲ့ တံတွေးနဲ့ ထွေးခံရတာ၊ ဆဲဆိုကြိမ်းမောင်းခံရတာနဲ့ တိုက်ခိုက်ခံရတာတွေကို ပုံမှန်လိုလို ကြုံတွေ့နေရသလို ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေလည်း ဖျက်ဆီးခံနေရတယ်လို့ သိရပါတယ်။

ဝေါ်စထရိဂျာနယ် ရဲ့ တနင်္ဂနွေနေ့ သတင်းဖော်ပြချက်အရ ဂျူးဘာသာဝင် လူငယ်အချို့ဟာ ခရစ်ယာန်တွေကို အရှက်ခွဲ စေစော်ကားတာကို သူတို့ရဲ့ ဘာသာရေးတာဝန် တစ်ခုလို ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြတယ်လို့ သိရပါတယ်။ အဲဒီသတင်းစာက မေလအတွင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားရေးဝါဒီတွေရဲ့ ချီတက်ပွဲတစ်ခုတည်းမှာတင် အာမေးနီးယန်း ဘုရားကျောင်းအနီး တံတွေးနဲ့ ထွေးစော်ကားမှု အနည်းဆုံး ၁၂ ကြိမ် မက ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလတုန်းက အစွန်းရောက် ဂျူးတစ်ယောက်က ပြင်သစ် သီလရှင်တစ်ပါးကို ဇိုင်ယွန်တောင် ပေါ်မှာ မြေပြင်ပေါ် တွန်းလှဲခဲ့တာကြောင့် သီလရှင်မှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တဲ့ တိုက်ခိုက်မှုကိုလည်း ပြန်လည်ဖော်ပြခဲ့ပါတယ်။ အခုဆိုရင် သီလရှင်အချို့ဟာ ဂျေရုဆလင်မြို့ထဲမှာ တစ်ယောက်တည်း လမ်းမလျှောက်ရဲကြတော့ဘဲ စေတနာ့ဝန်ထမ်းတွေရဲ့ လိုက်ပါစောင့်ရှောက်မှုကို နေ့စဉ် ရယူနေကြရတယ်လို့ ဆိုပါတယ်။

ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ "အရိုက်ခံရ၊ တံတွေးနဲ့ ထွေးခံရ၊ ထိုးကြိတ်ရိုက်နှက်ခံရ" တာတွေကို ပုံမှန်လိုလို ကြုံတွေ့နေရကြောင်း၊ ဒါဟာ "လမ်းမှားရောက်နေတဲ့ လူတစ်ယောက်စနှစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘ ဖြစ်စဉ်တစ်ခုတည်း မဟုတ်ဘဲ" အလားတူ ဖြစ်စဉ်များစွာဟာလည်း မှတ်တမ်းမဝင်ဘဲ ကျန်ရစ်ခဲ့တယ်လို့ ဒိုမီရှင်ဘုန်ကြီးကျောင်း ရဲ့ ကျောင်းထိုင်ဘုန်းကြီး  က သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။


REF: RT

#သတင်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)