ပင်လယ်နက်ထဲ တူရကီကုန်တင်သင်္ဘောကို ယူကရိန်းဒရုန်းတွေ တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လယ်နက်ထဲ တူရကီကုန်တင်သင်္ဘောကို ယူကရိန်းဒရုန်းတွေ တိုက်ခိုက်


ဩဂုတ် - ၄ (အင်္ဂါနေ့)

တနင်္လာနေ့ညနေပိုင်းမှာ ရုရှားရဲ့ ပင်လယ်နက်ဆိပ်ကမ်း နိုဗိုရိုဆီးယစ် အနီးမှာ တူရကီက ပြေးဆွဲနေတဲ့ ကုန်တင်သင်္ဘောတစ်စီးကို ယူကရိန်းရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ သတင်းရပါတယ်။

တူရကီ ရေကြောင်းရေးရာ ညွှန်ကြားမှုဦးစီးဌာန (DGM) ရဲ့ အဆိုအရ ကင်မရွန်းနိုင်ငံအလံ စိုက်ထားတဲ့ နာဒီဇာဒါ ဆိုတဲ့ အဲဒီသင်္ဘောဟာ နိုဗိုရိုဆီးယစ်ကနေ တူရကီရဲ့ ဆမ်ဆန်း ဆိပ်ကမ်းကို အသွားမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာပါ။

တိုက်ခိုက်မှုကြောင့် သင်္ဘောရဲ့ ဦးပိုင်းနဲ့ သင်္ဘောသားတွေ နေထိုင်တဲ့ အခန်းတွေ ပျက်စီးသွားခဲ့ပြီး ရုရှားသင်္ဘောတွေက သင်္ဘောသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ လက်ရှိ ရရှိထားတဲ့ မူလသတင်းတွေအရတော့ သင်္ဘောပေါ်ပါလာသူ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ DGM က ပြောပါတယ်။

DGM ရဲ့ ပြောကြားချက်အရ  နာဒီဇာဒါသင်္ဘောပေါ်မှာ တူရကီနိုင်ငံသား ၁၃ ယောက် ပါဝင်ပြီး စုစုပေါင်း သင်္ဘောသား ၂၂ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီသင်္ဘောဟာ ဆမ်ဆန်း  အခြေစိုက် ကယ်လ်ယွန်ကူ သင်္ဘောကုမ္ပဏီက ပြေးဆွဲနေတာဖြစ်ပြီး တူရကီကနေ ရုရှားကို သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ဆောင်လာတာလို့ တူရကီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။

တူရကီ အာဏာပိုင်တွေဘက်ကတော့ ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျ ထုတ်မပြောသေးပေမဲ့ သင်္ဘောကပ္ပတိန် ရာချင် ဆာဟင်း  ကတော့ ယူကရိန်းဒရုန်း ၆ စီး ဒါမှမဟုတ် ၇ စီးလောက် သင်္ဘောကို လာတိုက်ခိုက်ခဲ့တာလို့ တူရကီမီဒီယာတွေကို ပြောပြခဲ့ပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ ပင်လယ်နက်နဲ့ အာဇော့ဗ် ပင်လယ်ကမ်းရိုးတန်းအနီးက အရပ်ဘက် သင်္ဘောတွေအပြင် တူရကီကမ်းလွန်က ရေနံတင်သင်္ဘောတွေကိုပါ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။

ရုရှားရဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေကို အနှောင့်အယှက်ပေးဖို့အတွက် ယူကရိန်းဘက်က ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်တာတွေ ပိုတိုးလုပ်ဆောင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရုရှားဘက်က ယူကရိန်းဆီ စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်ပေးနေတယ်လို့ စွပ်စွဲထားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။


REF: RT

#သတင်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)