ဆော်ဒီညွန့်ပေါင်းတပ်ကို ယီမင်ဟူသီတွေက တိုက်ခိုက်မှုတွေ လုပ်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆော်ဒီညွန့်ပေါင်းတပ်ကို ယီမင်ဟူသီတွေက တိုက်ခိုက်မှုတွေ လုပ်ပြီ


ဩဂုတ် - ၈ ( သောကြာနေ့ ) 

ယီမင်နိုင်ငံက ဟူသီသူပုန်တွေကတော့ ကြာသပတေးနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံက ကျောထောက် နောက်ခံပေးထားတဲ့ နိုင်ငံတကာက အသိအမှတ်ပြုအစိုးရတပ်တွေရဲ့ စခန်းအများအပြားကို ဒရုန်းတွေနဲ့ ဘဲလစ်စတစ်ဒုံးကျည်တွေ ပူးပေါင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ် လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ၄ နှစ်နီးပါး တည်ငြိမ်နေခဲ့တဲ့ ယီမင်နိုင်ငံမှာ တင်းမာမှုတွေ ပြန်မြင့်တက်လာပြီ ဖြစ်ပါတယ်။ ယီမင်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ပြည်တွင်းစစ်ဒဏ်ကို ခံနေရပြီး၊ ပင်လယ်နီ ရဲ့ အရေးပါတဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအနီးမှာ တည်ရှိတဲ့ မဟာဗျူဟာကျတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဟူသီအဖွဲ့ရဲ့ စစ်ရေးပြောရေးဆိုခွင့်ရှိသူ ယာဟ်ယာ ဆာရီး  ကတော့ ဆော်ဒီကျောထောက်နောက်ခံ အစိုးရတပ်တွေဟာ ထိုးစစ်ဆင်ဖို့ တပ်အင်အား စုဆောင်းနေတယ်ဆိုတဲ့ အချက်အလက်တွေ ရရှိခဲ့တာကြောင့်၊ ယီမင်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ပြည်နယ် ၃ ခုက တပ်ဖွဲ့တွေ၊ လက်နက်သိုလှောင်ရုံတွေနဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဆာရီးက "ဒီစစ်ဆင်ရေးကြောင့် ဆော်ဒီဘက်က ငှားရမ်းထားတဲ့ တိုက်ခိုက်ရေးသမားတွေ ရာနဲ့ချီ သေဆုံးပြီး ဒဏ်ရာရခဲ့တယ်" လို့ ဆိုခဲ့ပြီး၊ ဆော်ဒီရီယာဒ်အစိုးရအနေနဲ့ "အခုထက် ပိုပြီး အခြေအနေကို မတင်းမာအောင် သတိထားဖို့" လည်း သတိပေးခဲ့ပါတယ်။

ယီမင်အစိုးရဘက်ကတော့ သူတို့တပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး ဒဏ်ရာရခဲ့တာကို အတည်ပြုခဲ့ပေမယ့်၊ အရေအတွက်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ ရိုက်တာ သတင်းဌာနမှာတော့ အစိုးရဘက် သတင်းရင်းမြစ်တွေကို ကိုးကားပြီး အနည်းဆုံး စစ်သား ၃၀ ဦး သေဆုံးခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ညနေပိုင်းမှာတော့ ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်း နက်ဂျ်ရန်  ပြည်နယ်ကိုလည်း တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆော်ဒီစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျ အရာရှိတစ်ဦးကတော့ ကြာသပတေးနေ့ ညပိုင်းမှာ CNNသတင်းဌာန ကို ပြောကြားရာမှာ၊ ဆော်ဒီနိုင်ငံအနေနဲ့ ဟူသီအဖွဲ့နဲ့ အီရန်လိုလားတဲ့ အီရတ်ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်မယ့် တစ်ပြိုင်နက်တည်း ညှိနှိုင်းတိုက်ခိုက်မှု အများအပြားကို ရင်ဆိုင်ရနိုင်တဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေတယ် လို့ ပြောဆိုခဲ့ပါတယ်။

အခုလို တင်းမာမှုတွေ မြင့်တက်လာတာဟာ ၂၀၂၂ ခုနှစ်ကတည်းက အများအားဖြင့် ငြိမ်သက်နေခဲ့တဲ့ ယီမင်ပဋိပက္ခကို ပြန်လည်မီးထိုးပေးနိုင်တဲ့ အခြေအနေကြောင့်ဖြစ်ရတာပါ။ အီရန်ခေါင်းဆောင် ခိုမေနီနာရေးကို သွားရောက်ခဲ့တဲ့ ဟူသီကိုယ်စာလှယ်အဖွဲ့အပြန်မှာ မြို့တော်ဆန်နား လေဆိပ်မှာ ယီမင်အစိုးရရဲ့ စစ်တပ်တွေ က တိုက်ခိုက်လိုက်လို့ ဖြစ်ပါတယ်။ အကယ်၍ အကြီးစားထိုးစစ်တစ်ရပ် ထပ်မံဖြစ်ပွားလာမယ်ဆိုရင်တော့ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရှိထားတဲ့ ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေဗျကို ကူညီပံ့ပိုးလာနိုင်တယ် လို့ သုံးသပ်နေကြပါတယ်။


REF: RT

#သတင်းလွှာ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)