ဩဂုတ် - ၂၀ ( ကြာသပတေးနေ့ )
အမျိုးသမီးအဖြစ် ခံယူထားသူ အမျိုးသားတစ်ဦးက အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် ကို လုပ်ကြံဖို့ ကြံစည်မှုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် အင်္ဂါနေ့က ထောင်ဒဏ် ၆ နှစ်နဲ့ ၁ လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
ကိုလံဘီယာဒေသ အမေရိကန်ရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်အရ ရိုင်ယန်မစ်ချယ်အင်္ဂလိပ် (ခေါ်) ရာလိဂျ်ဂျိန်း အင်္ဂလိပ် ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ရ ရက်နေ့တုန်းက ကက်ပီတယ်အဆောက်အအုံ အပြင်ဘက်မှာရှိတဲ့ ရဲအရာရှိတစ်ဦးထံ သွားရောက် လက်နက်ချခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အင်္ဂလိပ်ကို ရှာဖွေစစ်ဆေးရာမှာ အိတ်ကပ်ထဲကနေ ခေါက်ဓားတစ်ချောင်း၊ မိုလိုတော့ဗ် လက်လုပ်ဗုံးနှစ်လုံးနဲ့ မီးခြစ်တစ်ခုတို့ကို တွေ့ရှိခဲ့ပါတယ်။
အင်္ဂလိပ် ဟာ အဲဒီနေ့မှာ အထက်လွှတ်တော်ရဲ့ အတည်ပြုမဲပေးပွဲပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစိုးရအဖွဲ့ဝင် လျာထားခံရသူတစ်ဦးကို သတ်ဖြတ်ဖို့ ဒါမှမဟုတ် မြို့တော်မှာရှိတဲ့ သုတေသနအဖွဲ့အစည်းတစ်ခုကို မီးရှို့ဖို့ ဝါရှင်တန်ဒီစီကို လာရောက်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အိတ်ကပ်ထဲမှာ အခန်းဖော်ထံ ရေးထားတဲ့ စာတစ်စောင်ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး အဲဒီစာထဲမှာ “ဒါဟာ တကယ်ကို ဆိုးရွားလှပေမဲ့ နာဇီတွေက ငါ့ရဲ့ညီအစ်မတွေကို သတ်ဖြတ်နေချိန်မှာ ငါ ဘာမှမလုပ်ဘဲ မနေနိုင်ဘူး... လိမ်ညာခဲ့တာတွေ၊ ကြံစည်ခဲ့တာတွေအတွက် တကယ်ပဲ တောင်းပန်ပါတယ်” လို့ ရေးသားထားပါတယ်။
တရားသူကြီး ရူဒေါ့ဖ်ကွန်တာ က အင်္ဂလိပ် ဟာ "လိင်ပြောင်း ရပိုင်ခွင့်များ" ကို စိုးရိမ်ပူပန်ခဲ့တာဖြစ်ပြီး "သူမရဲ့ အစီအစဉ်ဟာ အောင်မြင်ဖို့ လုံးဝမဖြစ်နိုင်သလောက်အောင် ရှိခဲ့သလို၊ လက်တွေ့ဖြစ်လာဖို့ အဝေးကြီး လိုသေးတဲ့အချိန်မှာပဲ သူမဘာသာ လာရောက်လက်နက်ချခဲ့တာ ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် ရှေ့နေ ဂျင်နီပါရို ကတော့ တရားခံကို "မွေးဖွားလာခဲ့တဲ့နေ့ကတည်းက စိတ်ဒဏ်ရာနဲ့ ခံစားချက်ဒဏ်တွေကို ဖြတ်သန်းခဲ့ရတဲ့ လိင်ပြောင်းအမျိုးသမီးငယ်တစ်ဦး" အဖြစ် ပုံဖော်ပြီး ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အင်္ဂလိပ် ဘက်က လျှောက်လဲချက်ကို ပယ်ချခဲ့ပါတယ်။
ပြစ်ဒဏ်ချမှတ်ပြီးနောက် ပါရို က "ကျမတို့ရုံးအနေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ရဲ့ ပင်မအဆီအနှစ်ကို ထိခိုက်စေပြီး အားလုံးမှီခိုအားထားရတဲ့ တန်ဖိုးတွေကို ဆန့်ကျင်ဘက်ဖြစ်စေတဲ့၊ အစိုးရတာဝန်ရှိသူတွေကို ခြိမ်းခြောက်တာ ဒါမှမဟုတ် အန္တရာယ်ပြုဖို့ ကြိုးပမ်းတာမျိုးတွေကို လုံးဝသည်းခံမှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment