လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် တက္ကသိုလ်များအနေဖြင့် ခေတ်နှင့်ညီသော သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းစနစ်များဖြစ်ရန်လို - Myanmar National Post

Myanmar National Post

News Agency

Breaking

လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် တက္ကသိုလ်များအနေဖြင့် ခေတ်နှင့်ညီသော သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းစနစ်များဖြစ်ရန်လို


နေပြည်တော်၊ ဩဂုတ် ၂၀

နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရာတွင် တက္ကသိုလ်များအနေဖြင့် ခေတ်နှင့်ညီသော သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းစနစ်များနှင့် စစ်ဆေးအကဲဖြတ်မှုပုံစံများဖြစ်စေရေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က ယမန်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ သင်ကြားသင်ယူမှု ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်စေရေး၊ တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ တက္ကသိုလ်၏ Master Plan အရ စနစ်တကျ တည်ရှိရေး၊ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီး နိုင်ရေးကြည့်ရှုစစ်‌ဆေးသည်။

အလားတူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ ICT နည်းပညာ အသုံးပြုသင်ကြား သင်ယူနေမှု၊ သုတေသနဆောင်ရွက်နေမှု၊ တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု၊ ဆရာ ဆရာမဝန်ထမ်းအိမ်ရာများနှင့် ဘောလုံးကွင်းတည်ဆောက်ရေး၊ ပြေးလမ်းအဆင့်မြှင့်တင်ခြင်း၊ Recreation Centre တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)