ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မန္တလေးမြို့ရတနာပုံသင်္ဘောကျင်းဆိပ်ရှိ ရေပေါ်သင်္ဘောဟိုတယ်များ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မန္တလေးမြို့ရတနာပုံသင်္ဘောကျင်းဆိပ်ရှိ ရေပေါ်သင်္ဘောဟိုတယ်များ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


မန္တလေး၊ ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ မြစ်တွင်း အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး “RV-Samatha”၊ “RV-Amara-pura”၊ “RV-Princess” နှင့် “RV-PanHtwar” သင်္ဘောဟိုတယ်များသည် မန္တလေးမြို့ ရတနာပုံသင်္ဘော ကျင်းဆိပ်၌ ရေပေါ်ဟိုတယ်များအဖြစ် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သင်္ဘောဟိုတယ်များကို ဩဂုတ် ၂၂ ရက်က ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် ကြည့်ရှုစစ်ဆေးရာ သင်္ဘောဟိုတယ်များမှ တာဝန်ရှိသူများက သင်္ဘောဟိုတယ်အသီးသီး၏ ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ တည်းခိုနေထိုင်နိုင်သည့် အိပ်ခန်းများထည့်သွင်းစီစဉ် ဆောင်ရွက်ထားရှိမှု၊ အပတ်စဉ်စနေနေ့တိုင်း ဧည့်သည်များကို ညအိပ်လက်ခံဝန်ဆောင်မှုပေး၍ နောက်တစ်ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတံတားဘက်သို့ ခုတ်မောင်းကာရှုခင်းကြည့် ခရီးစဉ်အဖြစ် ပို့ဆောင်ပေးနေမှုနှင့် သင်္ဘောများပေါ်တွင် ဧည့်သည်များ အပန်းဖြေတည်းခိုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လာရောက်လည်ပတ် တည်းခိုကြသည့် ခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဆက်စပ်ဌာနများ၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ မြစ်တွင်းအပျော်စီးခရီးသွားလုပ်ငန်းအား ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားစွာ လာရောက်လည်ပတ်နိုင်ကြစေရေးအတွက် တီထွင်ဆန်းသစ်သော အစီအစဉ်များဖြင့် အဆင့်မြှင့်တင်ဖော်ထုတ်ဆောင်ရွက်ကြရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့ပြင် ဧည့်သည်များအား ဝန်ဆောင်မှုပေးလျက်ရှိသည့် အခန်းများ အတွင်း/အပြင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စားသောက်ခန်းများ၊ Ballroom များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် လေဟာပြင်ကုန်းပတ်တွင် ဧည့်သည်များ ရှုခင်းကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)