ညောင်တုန်း၊ သြဂုတ် ၂၅
ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) ၊ တာမိုင် (၁၀/၆) နှင့် (၁၀/၇)ကြားတွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် (ရေဝဲတိုး) အလျား(၃၀ဝ)ပေ၊ အနံ(၆၀)ပေခန့်ရှိ ဆည်မြောင်းတာအိပဲ့ကြမှု ဖြစ်ပွားခဲ့သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဒုတိယဝန်ကြီး ဦးဘိုဘိုကျော်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင် တို့၏ အနီးကပ် ကြီးကြပ်မှုနှင့် မြစ်ကမ်းပြိုကျမှုနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများဖြစ်ကြသော စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊ ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင် တို့မှ ဦးဆောင်၍ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါလျက် နံနက် ၀၇၃၀ အချိန်မှစ၍ တာတမံပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဘက်ဟိုး (၃)စီး၊ စုစုပေါင်းပြည်သူအင်အား ၁၀၀၀ ကျော်ခန့်ဖြင့် လတ်တလောဆောင်ရွက်လျက်ရှိပြီး စိုးရိမ်စရာအခြေအနေမရှိပါကြောင်း သတင်းထုတ်ပြန်ထားသည်။
#Myanmar #News







No comments:
Post a Comment