ပခုက္ကူတက္ကသိုလ်၌ ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့ခေါင်းစဉ်ဖြင့် (ဒုတိယအကြိမ်) ပြပွဲ၊ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့ခေါင်းစဉ်ဖြင့် (ဒုတိယအကြိမ်) ပြပွဲ၊ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ









ပခုက္ကူ၊ ဩဂုတ် ၂၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ Quality Education through Project-based Learning- ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှအရည်အသွေးရှိပညာရေးသို့ခေါင်းစဉ်ဖြင့် (ဒုတိယအကြိမ်)ပြပွဲ၊ပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲကို ယနေ့နံနက်၉နာရီက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုတင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြော ကြားသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပရိုဂျက်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပပြုလုပ်ရ ခြင်းရည်ရွယ်ချက်များအကြောင်းရှင်းလင်းပြောကြားပြီး ပရိုဂျက်ပြပွဲ၊ပြိုင်ပွဲပထမ၊ဒုတိယ၊တတိယ၊အထူးဆုရရှိသည့် ဝိဇ္ဇာ၊သိပ္ပံ ဘာသာရပ်ဌာနများ၊ အကောင်းဆုံးသုတေသနစာတမ်းရှင်ဆုများ၊ လူရည်ချွန်ဆုများ၊ Essay ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုများ၊ အားကစားထူးချွန်ဆုများနှင့်ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြရာ ကျောင်းသား ကျောင်းသူ များက တေးသီချင်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ 

ထို့နောက် ပခုက္ကူတက္ကသိုလ် ကျောင်းသား ကျောင်းသူများကိုယ်တိုင်သုတေသနပြုလုပ်ထားသော လက်မှုပညာများ၊ အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ ရှေးဟောင်းပစ္စည်းများ၊ စာတမ်းများပါဝင်သော ဘာသာရပ် ဌာနများ၏ ပရိုဂျက်ပြပွဲ၊ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။ 

ဘာမီသာ(ပခုက္ကူ)

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)