နေပြည်တော်၊ ဩဂုတ် ၂၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၂၇ ရက်နေ့ ၁၉၃၀ အချိန် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးတွင် ဂွန်းဆန့် မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၅.၈၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၂၈၇ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၅ ကီလို ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၇၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဂွန်းဆန့်(၃၅)နှစ်အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment