မိုင်းဖြတ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်




မိုင်းဖြတ်၊ ဩဂုတ် ၂၉

ပထမဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ်များလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာမျာ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ မိုင်းဖြတ်မြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေးလုပ်ငန်းများ၊ လမ်းတံတားများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ပေးသည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ရေရှည်ကောင်းမွန်ရေးအတွက် ဒေသခံပြည်သူများက ထိန်းသိမ်း‌ရန်လိုအပ်ပါ‌ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် မိုင်းဖြတ်မြို့အတွက် ပြည်သူများအမှန်တကယ်လိုအပ်သည့် လျှပ်စစ်မီးရရှိရကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်‌ပေးမည်ဖြစ်ပါကြောင်းနှင့် စပ်လျဉ်း၍ အမှာစကားများ ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုတင်ပြခဲ့ရာ ဝန်ကြီးမှပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးမှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)