တာကာအိချိ က စစ်ပွဲတစ်ခုဖန်တီးဖို့ ပြင်ဆင်နေတာလားဆိုပြီး ဂျပန်မီဒီယာတွေက ဝိုင်းပြီး ဝေဖန်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာကာအိချိ က စစ်ပွဲတစ်ခုဖန်တီးဖို့ ပြင်ဆင်နေတာလားဆိုပြီး ဂျပန်မီဒီယာတွေက ဝိုင်းပြီး ဝေဖန်နေ



ဩဂုတ် - ၁၈ ( အင်္ဂါနေ့ ) 

ဂျပန်မီဒီယာအသီးသီးရဲ့ အယ်ဒီတာ့အာဘော် အတော်များများမှာတော့ ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ချခဲ့တဲ့ (၈၁) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဝန်ကြီးချုပ် စာနာအဲ တာကာအိချိ ရဲ့ အစိုးရအဖွဲ့ဟာ သမိုင်းအမှန်ကို ပြန်လည်သုံးသပ်ဖို့ ရှောင်လွှဲနေပြီး ဂျပန်ရဲ့ စစ်ပွဲကာလ တာဝန်ရှိမှုတွေကို လျှော့ချပြောဆိုနေတယ်လို့ တနင်္ဂနွေနေ့က ဝေဖန်ပြစ်တင်လိုက်ကြပါတယ်။ ဒါ့အပြင် "စစ်မဖြစ်မီ ခေတ်ကာလဆီ ပြန်လည်ဦးတည်နေတဲ့" လက္ခဏာတွေ ပိုမိုတွေ့မြင်လာရကြောင်းကိုလည်း သတိပေးထားကြပါတယ်။

စနေနေ့က ကျင်းပခဲ့တဲ့ စစ်ဘေးဒဏ်ကြောင့် သေဆုံးသွားသူများအတွက် အမျိုးသားအထိမ်းအမှတ် ဝမ်းနည်းခြင်းအခမ်းအနားမှာ ဝန်ကြီးချုပ် တာကာအိချိက မိန့်ခွန်းပြောကြားခဲ့ရာမှာ ဂျပန်နိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံများအပေါ် ကျူးကျော်စစ်ပွဲများဆင်နွှဲခဲ့မှု၊ ထိုနိုင်ငံများ ခံစားခဲ့ရသည့် ကြီးမားသော ဒုက္ခဆင်းရဲများအကြောင်းကို လုံးဝ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိသလို ကျူးကျော်မှု သမိုင်းအတွက်လည်း တောင်းပန်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် သူမရဲ့ မိန့်ခွန်းမှာ "နောင်တ" ဆိုတဲ့ စကားလုံးကိုလည်း သုံးနှုန်းထားခြင်း မရှိခဲ့ပါဘူး။

ဒီအချက်နဲ့ ပတ်သက်လို့ မိုင်နီချီရှင်ဘွန်း သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ စစ်ပွဲရဲ့ သင်ခန်းစာတွေကို ရဲရဲဝံ့ဝံ့ ရင်မဆိုင်ဘဲ ရှောင်လွှဲနေမယ်ဆိုရင် ငြိမ်းချမ်းသောနိုင်ငံအဖြစ် ဂျပန်ရဲ့ ယုံကြည်ကိုးစားခံရမှုဟာ ထိခိုက်ပျက်စီး သွားလိမ့်မယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် စနေနေ့မှာပဲ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျိရို ကိုအိဇုမိ  နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ဟာ အဆင့် (A) စစ်ရာဇဝတ်ကောင် ၁၄ ဦးရဲ့ ဝိညာဉ်အိုးတွေကို မြှုပ်နှံထားတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသော ယာဆူကူနီ စစ်သူရဲကောင်းဗိမာန်  ဆီ သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။

 အဆာဟိရှင်ဘွန်း သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာတော့ ယာဆူကူနီ စစ်သူရဲကောင်းဗိမာန်ဟာ နိုင်ငံတော်ရှင်တိုဘာသာတရားရဲ့ ဗဟိုအဖွဲ့အစည်းတစ်ခုအဖြစ် စစ်လိုလားသော ဝါဒနဲ့ နီးကပ်စွာ ဆက်နွှဲနေပြီး ပြည်သူတွေကို စစ်ပွဲအတွင်း ပါဝင်ဖို့ စတင် စည်းရုံးသွေးထိုးဖို့ မီဒီယာ/ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကိုအိဇုမိအနေနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ (စစ်တပ်) ကို ကွပ်ကဲနေရတဲ့ ကာကွယ်ရေးဝန်ကြီးတစ်ယောက် ဖြစ်နေတာကြောင့် အခုလို သွားရောက်မှုဟာ ပိုမိုစိုးရိမ်စရာကောင်းတယ်လို့လည်း ဆိုထားပါတယ်။

ဒီလို ကိုအိဇုမိရဲ့ ပြုလုပ်ဆောင်ရွက်ချက်ဟာ စစ်ပြီးခေတ် ဂျပန်နိုင်ငံမှာ ထူထောင်ထားတဲ့ ငြိမ်းချမ်းရေးဝါဒ အခြေခံမူတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စနစ်တွေကို ယိုင်လဲစေနိုင်ရုံမက တရုတ်၊ တောင်ကိုရီးယားတို့နဲ့ ဂျပန်ရဲ့ ဆက်ဆံရေးကိုလည်း ပျက်စီးစေနိုင်တယ်လို့ အယ်ဒီတာ့အာဘော်က သတိပေးထားပါတယ်။

 တိုကျိုရှင်ဘွန်း သတင်းစာကတော့ တာကာအိချိ ဦးဆောင်တဲ့ အစိုးရရဲ့ "စစ်မဖြစ်မီ ခေတ်ကာလဆီ ပြန်လည်ဦးတည်နေတဲ့" သိသာထင်ရှားတဲ့ မူဝါဒစီးရီးအလိုက် လုပ်ဆောင်ချက်တွေကို ပိုလို့တောင် ဂရုပြု စိုးရိမ်သင့်တယ်လို့ အယ်ဒီတာ့အာဘော်မှာ ဝေဖန်လိုက်ပါတယ်။

အဆိုပါ အယ်ဒီတာ့အာဘော်မှာ တိုက်ခိုက်ရေးသုံး လက်နက် တင်ပို့ရောင်းချမှု ကန့်သတ်ချက်တွေကို ရုပ်သိမ်းခြင်း၊ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်ခြင်းနဲ့ အမျိုးသား ထောက်လှမ်းရေးယန္တရားကို အားကောင်းအောင် လုပ်ဆောင်ခြင်း အပါအဝင် မူဝါဒအပြောင်းအလဲတွေကို ထည့်သွင်းထောက်ပြထားပါတယ်။ တာကာအိချိ အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းတွေကို ပြန်လည်ဆန်းသစ်ဖို့နဲ့ စစ်ရေးစွမ်းရည် တိုးချဲ့ဖို့ ကြိုးပမ်းမှုတွေဟာ ဒုတိယကမ္ဘာစစ်မဖြစ်မီနဲ့ စစ်အတွင်း ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ သိသိသာသာ တူညီနေကြောင်းလည်း သုံးသပ်ထားပါတယ်။

စစ်ပွဲအပေါ် ပြန်လည်သုံးသပ် သမိုင်းသင်ခန်းစာယူဖို့ ပျက်ကွက်ခြင်းဟာ ဂျပန်နိုင်ငံကို သမိုင်းဝင် အမှားတွေကို ပြန်လည်ကျူးလွန်မိစေနိုင်တယ်လို့ အယ်ဒီတာ့အာဘော်က သတိပေးထားပါတယ်။ တာကာအိချိ အစိုးရရဲ့ "စစ်မဖြစ်မီ ခေတ်ကာလဆီ ပြန်လည်ဦးတည်နေတဲ့" တွန်းအားပေးမှုတွေကို ချက်ချင်းမဆိုင်း ပြင်ဆင်ရမှာဖြစ်ပြီး စစ်ပြီးခေတ် ဒီမိုကရေစီစနစ်သာ တစ်ကြိမ် ပျက်စီးသွားခဲ့ရင် ပြန်ပြင်ဖို့ နောက်ကျသွားလိမ့်မယ်လို့ တိုက်တွန်းထားပါတယ်။


REF: CGTN

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)