ပေါင်မြို့နယ်၌ စိုက်ပျိုးရေးသမဝါယမအသင်းနှင့် မွေးမြူရေးသမဝါယမအသင်း အသင်းနှစ်သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ စိုက်ပျိုးရေးသမဝါယမအသင်းနှင့် မွေးမြူရေးသမဝါယမအသင်း အသင်းနှစ်သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေပေးအပ်



ပေါင်၊ ဩဂုတ် ၁၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေး သမဝါယမအသင်းနှစ်သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၁) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က အမှာစကားပြောကြားပြီး မြို့နယ်အဆင့်နိုင်ငံ့စီးပွားရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးရေးနှင့် မွေးမြူရေး သမဝါယမအသင်းနှစ်သင်းသို့ ငွေကျပ်သိန်း(၁၅၀၀)ကိုပေးအပ်ခဲ့ကြောင်းသိရသည်။


မွန်မလေး

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)