မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


နေပြည်တော်၊ ဩဂုတ် ၁၇

မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူဖမ်းမိ တရားခံ ဒေါ်မြတ်ဆုမွန် (ခ) မဖြူကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ခန့်ပိုင် (ခ) မင်းရန်နိုင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ဟိုနားရပ်ကွက်နေ ဒေါ်မြတ်ဆုမွန် (ခ) မဖြူနှင့် ခန့်ပိုင် (ခ) မင်းရန်နိုင်တို့ နှစ်ဦးက TikTok အကောင့်မှ တရုတ်ဇနီးမယားလုပ်ကိုင်ရန်အတွက် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည်၊ လမ်းခရီးစရိတ်ကုန်ကျခံပေးမည်၊ မူဆယ်မြို့သို့ရောက်ရှိက သုံးလစာချုပ်ဆိုပြီး မြန်မာငွေကျပ်သိန်း ၈၀ ရမည်၊ သုံးလပြည့်၍‌ ဆက်နေချင်ပါကနေလိုကြောင်း၊ မနေချင်ပါက ၎င်းတို့ကိုယ်တိုင် ပြန်လည်ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်လာကြောင်း စိစစ်သိရှိရသဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၇၆/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၁၄ ရက်တွင် မဟာအောင်မြေခရိုင် တရားရုံးမှ ဖမ်းမိတရားခံ ဒေါ်မြတ်ဆုမွန် (ခ) မဖြူကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင် တရားခံ ခန့်ပိုင် (ခ) မင်းရန်နိုင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)