ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်မှုကြောင့်ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ထားရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်မှုကြောင့်ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ထားရ


ကျောင်းကုန်း၊ ဩဂုတ်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ဒါးကမြစ်ရေမြင့်တက် လာခဲ့ရာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ (၁၈)ပေ(၁၀) လက်မသို့‌ ရောက်ရှိနေပြီး၊ ယနေ့ထိ (၂၅၂၆)ဦးအားရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ထားရပြီဖြစ်သည်။

အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ မကျီးပင် ကွင်းအုပ်စု၊ သစ်ဆိမ့်ကုန်းအုပ်စု၊ ရေဂလုတ်အုပ်စုနှင့် ရွာသာကုန်းအုပ်စုတို့မှအိမ်ခြေ များနစ်မြုပ်ခဲ့သဖြင့် ယာယီ‌ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ထားရသည်။ ကျောင်းကုန်း မြို့‌နယ်တွင် ရေဘေးရှောင်စခန်းများဖြစ်သည့် မြို့ပေါက်ဆိန်ကျောင်း၊ ရတနာပုံရိပ် သာကျောင်းများ၌ စုစုပေါင်းအိမ်ထောင် စု(၆၉၂)စုမှ လူဦးရေ(၂၅၂၆)ဦး ရေ‌ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြပြီ ဖြစ်ကြောင်း ထွေ/အုပ်ရုံးမှ သိရသည်။


ဝင်းကြိုင်

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)