မြောက်ကိုရီးယားနဲ့ပေါင်းလို့ကတော့ တောင်ကိုရီးယားကို စစ်ရေး အကူအညီမပေးတော့ဘူးလို့ ထရမ့်ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ကိုရီးယားနဲ့ပေါင်းလို့ကတော့ တောင်ကိုရီးယားကို စစ်ရေး အကူအညီမပေးတော့ဘူးလို့ ထရမ့်ပြောပြီ


ဩဂုတ် - ၁၇ ( တနင်္လာနေ့ ) 

တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန်းနဲ့ "အရမ်းကောင်းတဲ့ ဆက်ဆံရေး" ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို သိသိသာသာ လျှော့ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပင်တာဂွန် (စစ်ဌာနချုပ်) ကို အမိန့်ပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့က ထရုသ်ဆိုရှယ်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ ထရမ့်က တနင်္လာနေ့မှာ စတင်တော့မယ့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေမှာ ဝါရှင်တန်က ပါဝင်ဖို့ သဘောတူခဲ့တာကို "သဘောမကျဘူး" လို့ ပြောခဲ့ပါတယ်။

"ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ စရိတ်စက အရမ်းကြီးရုံတင်မကဘဲ့ ကုန်ကျစရိတ် တော်တော်များများကိုလည်း အမေရိကန်ကပဲ ကျခံနေရတာပါ။ ဒါ့အပြင် သိပ်ကို မသင့်တော်ဘဲ ရန်လိုတဲ့ လက္ခဏာကိုလည်း ပြသရာ ရောက်ပါတယ်" လို့ သူက ရေးသားခဲ့ပြီး သူ့သမ္မတ သက်တမ်းအတွင်း မြောက်ကိုရီးယားဟာ "ခြိမ်းခြောက်မှုမရှိ သလို လေးစားမှုလည်း ရှိခဲ့တယ်" လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လုံးဝဖျက်သိမ်းဖို့ အချိန်နှောင်းသွားပြီဖြစ်လို့ ဒါတွေကို "သိသိသာသာ လျှော့ချပစ်ဖို့" စစ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ်ကို  အမိန့်ပေးထားတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။

၁၁ ရက်ကြာ ပြုလုပ်မယ့် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၇ ရက်အထိ ကျင်းပဖို့ လျာထားတာဖြစ်ပြီး တောင်ကိုရီးယားစစ်သည် ၁၈,၀၀၀ နီးပါးနဲ့ အမေရိကန်စစ်သည် ၅,၀၀၀ ဝန်းကျင် ပါဝင်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါ့အပြင် ထရမ့်က အီရန်ကို ဆန့်ကျင်တဲ့ ဝါရှင်တန်ရဲ့ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ငြင်းဆန်းခဲ့တဲ့ ဆိုးလ် (တောင်ကိုရီးယား) ကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါသေးတယ်။

"အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံကို နျူကလီးယား ဖျက်သိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ တောင်ကိုရီးယား သမ္မတကို မကြာသေးမီကမှ မေးကြည့်ခဲ့ပေမဲ့ သူတို့က 'မလုပ်ချင်ပါဘူး၊ ကျေးဇူးပါပဲ' လို့ ငြင်းခဲ့ကြတယ်" လို့ သူက ရေးသားခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း စက်ဆုပ်ဖွယ် တင်းမာနေတဲ့ ဆက်ဆံရေးတွေ ကြုံခဲ့ရအပြီးမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းခဲ့ဖူးပါတယ်။ ကင်ဂျောင်အန်းနဲ့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သလို တောင်ကိုရီးယားနဲ့ ပူးတွဲပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု အချို့ကိုလည်း လျှော့ချပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ စစ်မဲ့ဇုန် (DMZ) မှာ ကင်နဲ့ တွေ့ဆုံစဉ် မြောက်ကိုရီးယား ပိုင်နက်ထဲကို ပထမဆုံး ခြေလှမ်းလှမ်းနိုင်ခဲ့တဲ့ ရာထူးတာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)