ဒီနှစ်ထဲမှာ ပြင်းအား ၇ ထက်ကျော်လွန်တဲ့ ငလျင်လှုတ်တာ ၁၁ ကြိမ် ရှိသွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီနှစ်ထဲမှာ ပြင်းအား ၇ ထက်ကျော်လွန်တဲ့ ငလျင်လှုတ်တာ ၁၁ ကြိမ် ရှိသွားပြီ




ဩဂုတ် - ၁၇ ( တနင်္လာနေ့ ) 

ထိုင်းနိုင်ငံ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ သြဂုတ် ၁၅ ရက်အထိ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ဒေသ ၉ ခုမှာ ပမာဏ ၇.၀ နဲ့ အထက်ရှိတဲ့ အင်အားပြင်းငလျင် ၁၁ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ အများစုကတော့ ပစိဖိတ်မီးစက်ဝန်းဒေသ  တလျှောက်မှာ ဖြစ်ပွားခဲ့တာပါ။

ဒီအဖွဲ့အစည်းနှစ်ခုဟာ ပြည်သူတွေကို ထိတ်လန့်တကြားမဖြစ်စေဘဲ စနစ်တကျ ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့နဲ့ သတိပြုမိစေဖို့အတွက် ကမ္ဘာတစ်ဝှမ်းဖြစ်ပွားခဲ့တဲ့ အဓိကငလျင်ကြီးတွေကို စုစည်းဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

အပြင်းထန်ဆုံးငလျင်ကတော့ ဇွန်လ ၈ ရက်နေ့က ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ပမာဏ ၇.၈ ရှိ ငလျင်ဖြစ်ပြီး၊ နောက်ဆုံးလှုတ်ခဲ့တဲ့ ငလျင်ကတော့ သြဂုတ် ၁၅ ရက် မနက် ၄ နာရီ ၅၈ မိနစ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဖလိုရက်စ်  ကျွန်းအနီး လှုပ်ခတ်ခဲ့တာပါ။ 

အင်ဒိုနီးရှား မိုးလေဝသ၊ ဇလဗေဒနှင့် ဘူမိရူပဗေဒ အေဂျင်စီ (BMKG) က Flores ငလျင်ရဲ့ အနက်ကို ၁၅ ကီလိုမီတာနဲ့ ပမာဏ ၇.၇ စီမံပြင်ဆင် သတ်မှတ်ခဲ့သလို၊ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကလည်း အနက် ၁၀ ကီလိုမီတာရှိပြီး ပမာဏ ၇.၇ ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ပမာဏ ၇ အထက် ငလျင် ၁၁ ကြိမ် နဲ့ပတ်သက်ပြီး  သြဂုတ် ၁၅ ရက်အထိ မှတ်တမ်းဝင်ခဲ့တဲ့ ငလျင်တွေကတော့ -

ဖေဖော်ဝါရီ ၂၂ - မလေးရှား (ပမာဏ ၇.၁)

မတ် ၂၄ - တွန်ဂါ (ပမာဏ ၇.၅)

မတ် ၃၀ - ဗာနူအာတူ (ပမာဏ ၇.၃)

ဧပြီ ၂ - အင်ဒိုနီးရှား (ပမာဏ ၇.၄)

ဧပြီ ၂၀ - ဂျပန် (ပမာဏ ၇.၄)

ဇွန် ၈ - ဖိလစ်ပိုင် (ပမာဏ ၇.၈)

ဇွန် ၂၄ - ဗေနီဇွဲလား (ပမာဏ ၇.၂)

ဇွန် ၂၄ - ဗေနီဇွဲလား (ပမာဏ ၇.၅)

ဇူလိုင် ၁၇ - မက္ကဆီကို (ပမာဏ ၇.၃)

သြဂုတ် ၁၀ - ကိုလံဘီယာ (ပမာဏ ၇.၄)

သြဂုတ် ၁၅ - အင်ဒိုနီးရှား (ပမာဏ ၇.၇)

ဒီကိန်းဂဏန်းတွေအရ အင်အားပြင်းငလျင်တွေဟာ ကမ္ဘာ့နေရာတစ်ခုတည်းမှာပဲ ဖြစ်တာမဟုတ်ကြောင်း တွေ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ ကမ္ဘာ့ကျောက်ချပ်လွှာ  နယ်နိမိတ်တွေ၊ စီးပွားရေးနဲ့ သဘာဝအရ အဓိကကျတဲ့ ပစိဖိတ်မီးကွင်းဒေသတလျှောက်မှာ စုပြုံဖြစ်ပွားလေ့ရှိပါတယ်။

ဒီဒေသတွေမှာ ကျောက်ချပ်လွှာတွေဟာ တိုက်မိတာ၊ တစ်ခုအောက်တစ်ခု တိုးဝင်တာ၊ ခွဲထွက်သွားတာ ဒါမှမဟုတ် ဘေးချင်းယှဉ်ပွတ်တိုက်တာတွေ ဖြစ်ပေါ်ကြပါတယ်။ အဲဒီလို ပြတ်ရွှေ့ကြောင်းတွေမှာ စွမ်းအင်တွေ စုစည်းမိပြီး ပြန်လည်ထွက်ရှိလာတာကြောင့် ကျောက်ချပ်လွှာ အတွင်းပိုင်းဒေသတွေထက် ငလျင်လှုပ်တာနဲ့ မီးတောင်ပေါက်ကွဲတာတွေ ပိုမိုဖြစ်ပွားလေ့ ရှိတာဖြစ်ပါတယ်။


REF: The Nation

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)