ပုဇွန်တောင်၊ ဩဂုတ် ၁၄
မသန့်ရှင်းသောရေနှင့်အစားအသောက်များမှ တဆင့်ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှု လျှော့ချရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ် တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်နှင့် ရေကျော်ဈေးအတွင်း ရောင်းချသော အစားအသောက်ရောင်းချသည့် ဆိုင်များနှင့် လမ်းဘေးဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မသန့်ရှင်းသောရေနှင့်အစားအသောက်များမှ ကူး စက်တတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် အစားအသောက်ရောင်းချသော ဆိုင်များ သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန် စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိ သိုလှောင်သိမ်းဆည်းပုံ မှန်/မမှန်၊ သန့်ရှင်းသပ်ရပ်စွာရောင်းချမှု ရှိ/မရှိ စသည်တို့ကို လိုက်လံ စစ်ဆေးပြီး ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
#News #Myanmar



No comments:
Post a Comment