ပခုက္ကူ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နယ်မြေခံတပ်နယ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးနှင့်တပ်မတော်အရာရှိများ သည် ယနေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မြစ်ရေဝင်ရောက်မှုကြောင့် သီဟိုဠ်ရှင်ဘုရားဝင်းရှိ ကဇာတ်ရုံခန်းမ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း၌ ယာယီ ပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား စနစ်တကျနေရာချထားပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အရေးပေါ်သုံးထောက်ပံ့ပစ္စည်းများစီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေတို့အားကွင်းဆင်းကြည့်ရှုပြီး အားပေးစကားများ ပြောကြားသည်။
ထို့နောက် နယ်မြေခံတပ်နယ်မှ တပ်မှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးနှင့်ဇနီးတို့က ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၁၀)သိန်း၊ ခေါက်ဆွဲခြောက် ၂၅၀၀ထုပ်နှင့် သောက်ရေသန့် ၆၀၀ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar





No comments:
Post a Comment