ပုဇွန်တောင်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူစာသင်ကျောင်းများအား မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူစာသင်ကျောင်းများအား မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း







ပုဇွန်တောင်၊ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူစာသင် ကျောင်းများ၌ မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင် ကာ ကွယ်နိုင်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်အတွင်းရှိ တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်း နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ် အိမ်မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အဖွဲ့ငယ်(၃)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ စာသင်ကျောင်းများအား မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် သုံးရေများအား ကလိုရင်းဆေးခတ်ခြင်း၊ သောက် ရေများအား ရေသန့်ဆေးခတ်ခြင်းနှင့် ကျောင်းမှ ဆရာ/ဆရာမများအား ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။


ဟန်စုယဉ်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)