တွန်းဇံမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် တစိတ်တစ်ပိုင်းပျက်စီးသည့် ဌာနအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တွန်းဇံမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် တစိတ်တစ်ပိုင်းပျက်စီးသည့် ဌာနအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


တွန်းဇံ၊ ဩဂုတ် ၁၂

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး၊ (မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ) ဦးသိန်းအောင်နှင့်အဖွဲ့သည် ဩဂုတ် (၁၁) ရက်နေ့က ဌာနဆိုင်ရာ အဆောက်အဦများ ပြန်လည်ပြုပြင်ခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ချင်းပြည်နယ်ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်  Cope Family ကုမ္ပဏီမှ တာဝန်ယူ၍ ခွင့်ပြုငွေကျပ်သန်း (၂၂၄.၀၇၄) ဖြင့် ဆောင်ရွက်သည့် လမ်းဦးစီးဧည့်ရိပ်သာ၊ T Lungdeih ကုမ္ပဏီမှ ခွင့်ပြုငွေကျပ်သန်း (၁၀.၇၅၂၂) ဖြင့် တာဝန်ယူဆောင်ရွက်သည့် မြို့နယ်လူငယ် သင်တန်းကျောင်းနှင့်  GL Tonzang ကုမ္ပဏီမှ ခွင့်ပြုငွေကျပ်သန်း (၃၆.၅၈၁) ဖြင့် ဆောင်ရွက်သည့် အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)