ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး




မြစ်ကြီးနား၊ သြဂုတ်   ၉

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို သြဂုတ် ၈ ရက်က မြစ်ကြီးနားမြို့ မြို့မရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက်တို့တွင် ပြုလုပ်သည်။

ဦးစွာ နံနက် ၉ နာရီခွဲတွင် မြို့မရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မြို့မရပ်ကွက် အောင်ဆန်းလမ်းနှင့် စည်ပင်သာယာလမ်းထောင့်ရှိ စံပယ်ခန်းမ၌တွေ့ဆုံပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ အောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ ဒေသခံများ၏ အကျိုးအမြတ်၊ ခံစားခွင့်၊ စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးများနှင့် ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် နည်းပညာဆိုင်ရာငလျင်နှင့် တမံကြီးများ၏ ကြံ့ခိုင်မှု၊ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးစီးပါက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခြေအနေများနှင့် ဒေသခံပြည်သူများ၏ အကျိုးအမြတ်ခံစားခွင့်များကို အပြန်အလှန်ဆွေးနွေးကြသည်။

အလားတူ မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၄) သီရိဒူရိဂါးမယ်တော်ကျောင်း ခန်းမ၌ ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ရပ်ကွက်နေပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)