တရုတ်နိုင်ငံက သူလျှိုလုပ်မှုဖြင့် ဖမ်းဆီး အရေးယူထားသည့် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ပြန်လည်လွှတ်ပေးရေး တောင်းဆိုလျက်ရှိသည်။
ISP-Myanmar ၏ ဝဘ်ဆိုဒ်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် "ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်များက ၂၀၂၆ ခုနှစ် ဇွန် ၃ ရက်တွင် မှားယွင်းစွာဖမ်းဆီး (wrongful detention) ခဲ့ပါသည်။ ဦးမင်းဇင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်မည့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသဖြင့် သွားရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ခြင်းအား အလွန်အမင်း စိုးရိမ်ပူပန်ပြီး ဦးမင်းဇင်အား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ISP-Myanmar က တောင်းဆိုထားပါသည်" ဟု ဖော်ပြထားသည်။
ISP-Myanmar သည် တရုတ် - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများကို အများပြည်သူ ထင်ယောင်ထားမှား ဖြစ်စေရန် ဝေဖန်ရေးသားချက်များ အစဉ်သဖြင့် ထုတ်ပြန်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။ ဦးမင်းဇင်ကို တရုတ်နိုင်ငံက သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
#News #Myanmar


No comments:
Post a Comment