ရန်ကုန်တိုင်း စားရေရိက္ခာဖူလုံရေးအတွက် မှန်ကန်ပြည့်စုံသည့် Data အပေါ်အခြေခံ၍ မွေးမြူထုတ်လုပ်ရန် နိုင်ငံတော်သမ္မတ မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်း စားရေရိက္ခာဖူလုံရေးအတွက် မှန်ကန်ပြည့်စုံသည့် Data အပေါ်အခြေခံ၍ မွေးမြူထုတ်လုပ်ရန် နိုင်ငံတော်သမ္မတ မှာကြား


ရန်ကုန်၊ ဩဂုတ် ၃၀

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (ဩဂုတ် ၂၉ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ မွေးမြူရေးဇုန်သို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ၏ စားရေရိက္ခာဖူလုံရေးအတွက် လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုကို မှန်ကန်ပြည့်စုံသည့် Data အချက်အလက်များအပေါ် အခြေခံတွက်ချက်၍ စနစ်တကျ မွေးမြူထုတ်လုပ်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

တွံတေးမွေးမြူရေးဇုန်ကို အပိုင်း (၁)၊ (၂) နှင့် (၃) ဟူ၍ ဆောင်ရွက်ထားပြီး လုပ်ငန်းရှင် ၉၉ ဦးက နွား၊ ဆိတ်၊ ဝက်၊ ကြက်နှင့် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများနှင့် မွေးမြူရေးထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးတစ်ဝန်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥက္ကံ၊ တိုက်ကြီး၊ ကော့မှူး၊ တွံတေးနှင့် ညောင်နှစ်ပင်တို၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို သီလဝါနှင့် ရွှေပြည်တို့တွင်လည်း ငါးမွေးမြူရေးကန်များရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး ဈေးရောင်း၊ ဈေးဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ အများအပြားရှိသည့်အတွက် တိုင်းဒေသကြီးအတွင်း လူဦးရေမည်မျှရှိသည်၊ နေ့စဉ်စားရေရိက္ခာ မည်မျှလိုအပ်သည်နှင့် လက်ရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများက မည်မျှပံ့ပိုးပေးနိုင်သည်တို့ကို တိတိကျကျ တွက်ချက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအချက်အလက်များကို အခြေခံ၍ စားသုံးမှုလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုကို ချိန်ဆကာ မွေးမြူထုတ်လုပ်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် Data များ မှန်ကန်ပြည့်စုံမှုရှိစေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထိုပြင် မွေးမြူရေးလုပ်ငန်းများအတွက် ရေနှင့် တိရစ္ဆာန်အစာ လုံလောက်စွာရရှိရေး၊ မွေးမြူသည့်နည်းစနစ် မှန်ကန်ကောင်းမွန်ရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)