ရန်ကုန်၊ သြဂုတ် ၂၄
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး(၂/၂၀၂၆)ကို ဩဂုတ် ၂၄ ယနေ့မနက် (၁၀နာရီ)က Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။
အစည်းဝေးသို့ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ နာယက ဦးဇော်ဇော်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်း ဥက္ကဋ္ဌများ၊ စီအီးအိုများ၊ မန်နေဂျာများ တက်ရောက်ခဲ့ကြသည်။
အစည်းဝေး မစတင်မီတွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့် လက်ရွေးစင် ကစားသမားဟောင်းများ၊ ဒိုင်လူကြီးဟောင်းများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့သည်။
အစည်းအဝေး အစီအစဉ်အရ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ နာယက ဦးဇော်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအမျိုးသမီးလိဂ် စတင်အကောင်ထည်ဖော်ပေးခဲ့သူများ၊ လက်ရှိတာဝန်ယူနေသည့် အသင်းပိုင်ရှင်များ၊ တာဝန်ရှိသူများနှင့် အားပေးနေသည့် ပရိသတ်များအား ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပနေသည့် ဘောလုံးကွင်းများကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အသက် ၁၄ နှစ် ကျောင်းပေါင်းစုံပြိုင်ပွဲ(School Football) အစီအစဉ် ပြုလုပ်မည်ဖြစ်သည့်အပြင် U15 Girls League ပြိုင်ပွဲကိုလည်း ကျင်းပနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးလိဂ်ဘောလုံးပြိုင်ပွဲကို ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကလပ်အသင်းများ တိုးတက်လာသည့်အတွက် လေ့ကျင့်ရေးကွင်းများ ပိုမိုပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကလပ်အသင်းများအနေဖြင့် သတ်မှတ်ထားသည့် Club Licensing Criteria များ ဆောင်ရွက်ရန် နှင့် Scout အဖွဲ့ထားရှိရန် လိုအပ်ကြောင်း၊ ကလပ်အသင်းများအနေဖြင့် ကစားသမားစာချုပ်များကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန် လိုအပ်ပါကြောင်း၊ ကလပ်အသင်းများအနေဖြင့် Match Fixing နှင့်ပတ်သက်၍ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်နှင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ ယခုမြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံအသင်းအား ဆုကြေးငွေကျပ် သိန်း ၂၀၀၀၊ ဒုတိယအသင်းအား သိန်း ၁၅၀၀ နှင့်တတိယအသင်းအား သိန်း ၁၀၀၀ အထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း၊ ယခုမြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင်တစ်ပွဲချင်းစီ၌ အကောင်းဆုံးကစားသမားဆုရရှိသည့် ကစားသမားအား ယခင်ဆုကြေးငွေကျပ် သုံးသိန်းမှ ဆယ်သိန်းအထိ တိုးမြှင့်ထားကြောင်းနှင့် ဂိုးသွင်းအများဆုံးကစာသမားအား ယခင်သိန်းငါးဆယ်မှ သိန်းတစ်ရာအထိတိုးမြင့်ထားကြောင်း၊ အလားတူ လိဂ်-၂ ပြိုင်ပွဲတွင်လည်း တစ်ပွဲချင်းစီ၌ အကောင်းဆုံးကစားသမားဆု ရရှိသည့် ကစားသမားအား ယခင် ဆုငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ တိုးမြှင့်ထားကြောင်းနှင့် ဂိုးသွင်းအများဆုံးကစားသမားအား ယခင်သိန်းသုံးဆယ်မှ သိန်းငါးဆယ်အထိတိုးမြင့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲ(၁:၀၀) တွင် M League Logo Launching နှင့် Official Partnership Signing Ceremony အခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ နာယက ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြို့တေဇ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်း ပိုင်ရှင်များ၊ ဥက္ကဋ္ဌများ၊ စီအီးအိုများ၊ မန်နေဂျာများ၊ ကစားသမားများ၊ Sponsor Partnerships ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားအစီအရ မြန်မာနေရှင်နယ်လိပ်လိုဂိုအသစ်ဖြစ်သော M League လိုဂိုအသစ်ကို မိတ်ဆက်ပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုက်မည့် ကလပ်အသင်း (၁၂) သင်းမှ ကစားသမားများဖြင့်လည်း မိတ်ဆက်ခဲ့သည်။ ထို့နောက်M League နှင့် Sponsor Partnership များ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ ယင်းနောက် Press Conference အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာသည့် သတင်းနှင့်စာနယ်ဇင်းမီဒီယာများ၏ မေးမြန်းမှုများကို မြန်မာလိဂ်ကော်မတီဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်တို့မှ ဖြေကြားပေးခဲ့သည်။
#Myanmar #News















No comments:
Post a Comment