ဒါကာ၊ ဩဂုတ် ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၃ ဦးမြောက် သမ္မတအဖြစ် Mirza Fakhrul Islam Alamgir သည် ဩဂုတ် ၂၁ ရက် ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတအိမ်တော်၌ ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
စတင်တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ Barrister Kayser Kamal က ကြီးမှူးကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ ယာယီသမ္မတ Hafiz Uddin Ahmad ၊ ဝန်ကြီးချုပ် Tarique Rahman စသည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဩဂုတ် ၂၀ ရက်၌ သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ရလဒ်အရ အာဏာရပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) မှ အမည်စာရင်းတင်သွင်းသည့် Alamgir က မဲအရေအတွက် ၂၅၅ မဲ ရရှိခဲ့ပြီး သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
Alamgir သည် ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝါရင့်နိုင်ငံရေးသမားဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားရေးဝါဒီပါတီ (BNP) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော လွှတ်တော်ရွေးကောက်ပွဲပြီးနောက် ၎င်းသည် ဒေသန္တရအစိုးရ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့် သမဝါယမဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဩဂုတ်လတွင် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရပြီးနောက် ၎င်းသည် ပါတီတာဝန်များမှ နုတ်ထွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတဟောင်း Mohammed Shahabuddin Chuppu သည် ဇူလိုင် ၂၄ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ပြီး ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Hafiz Uddin Ahmad က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးနေရာ လစ်လပ်သွားပါက ရက်ပေါင်း ၉၀ အတွင်း သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လွှတ်တော်စနစ်ကို ကျင့်သုံးပြီး သမ္မတသည် အမည်ခံ နိုင်ငံတော်အကြီးအကဲဖြစ်ကာ တာဝန်သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။
Ref - Xinhua
#News #Myanmar

No comments:
Post a Comment