နေပြည်တော်၊ ဩဂုတ် ၂၆
မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါရဂူဘွဲ့၊ မဟာဘွဲ့ပညာသင်ဆုများ ပေးအပ်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce–MOFCOM) ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားကို ၂၄-၈-၂၀၂၆ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပပြီး ကျောင်းဝင်ခွင့်လက်မှတ်များကို ပညာတော်သင်ဆု ရွေးချယ်ခြင်းခံရသူများအား ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Shen Dan က မြန်မာနိုင်ငံသို့ MOFCOM ပညာသင်ဆုပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က နိုင်ငံ့ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် MOFCOM ပညာသင်ဆုများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကာ ပညာတော်သင်ဆု ရွေးချယ်ခြင်းခံရသူများအား ကျောင်းဝင်ခွင့်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပညာတော်သင် ကျောင်းသားဟောင်းတစ်ဦးနှင့် ပညာတော်သင်ဆု ရရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment