မြန်မာလုပ်သားများ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ စနစ်တကျရရှိနိုင်ရေးနှင့် နှစ်နိုင်ငံလူမှုဖူလုံရေးအဖွဲ့များအကြား သဘောတူစာချုပ် (MoU) ချုပ်ဆိုဆောင်ရွက်နိုင်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာလုပ်သားများ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ စနစ်တကျရရှိနိုင်ရေးနှင့် နှစ်နိုင်ငံလူမှုဖူလုံရေးအဖွဲ့များအကြား သဘောတူစာချုပ် (MoU) ချုပ်ဆိုဆောင်ရွက်နိုင်ရေး ဆွေးနွေး


ဗန်ကောက်၊ ဩဂုတ် ၂၇

(၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ဩဂုတ်၂၅ ရက် ညနေပိုင်းတွင် အစည်းအဝေးများကျင်းပမည့် Dusit Thani Hotel သီးသန့်အစည်းအဝေးခန်း၌ နှစ်နိုင်ငံအလုပ်သမားရေးရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးစဉ် ထိုင်းနိုင်ငံအတွင်း နေရာဒေသအလိုက် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများ၏ အလုပ်အကိုင်အမျိုးအစားအလိုက် အင်အားစာရင်းရရှိရေး၊ မြန်မာလုပ်သားများ၏ မိသားစုလွှဲပို့ငွေများ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပို့နိုင်ရေး နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ဆွေးနွေးဆောင်ရွက်ပေးနိုင်ရေး၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးမည့်နေရာများ တိုးချဲ့ဖွင့်လှစ်ရေး၊ ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် ရောက်ရှိအလုပ်လုပ်ကိုင်နေကြပြီး (၄) နှစ်ပြည့်ပြီးသည့် မြန်မာလုပ်သားများ သက်တမ်းတိုး ဆက်လက်အလုပ်လုပ်ကိုင်ရေးအတွက် U-turn လုပ်ငန်းစဉ် အမြန်ဆုံးဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာလုပ်သားများ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ စနစ်တကျရရှိနိုင်ရေးနှင့် နှစ်နိုင်ငံလူမှုဖူလုံရေးအဖွဲ့များအကြား သဘောတူစာချုပ် (MoU) ချုပ်ဆိုဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ယာယီအချက်အလက် ကောက်ယူရေးဌာန (Temporary Data Collection Center-TDCC ဖွင့်လှစ်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံအလုပ်သမားရေးရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၉) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများအစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံး အလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် နှစ်နိုင်ငံအလုပ်သမားရေးရာ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)