အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ရဲတဲ့ တရုတ်ကို အီရန်က ချီးကျူး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ရဲတဲ့ တရုတ်ကို အီရန်က ချီးကျူး


ဩဂုတ် - ၂၇ ( ကြာသပတေးနေ့ ) 

အီရန်နိုင်ငံနဲ့ ဆက်လက် ကုန်သွယ်မှုပြုနေတဲ့ နိုင်ငံတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်မယ်ဆိုတဲ့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုများကို တရုတ်က ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန်က ချီးကျူးပြောဆို လိုက်ပါတယ်။ ဘေကျင်းနဲ့ တီဟီရန်တို့ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ "ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ ရယူဖို့ မလိုအပ်ဘူး" လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂဟာလီဘက်ဖ် က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

"အီရန်အပေါ် တရားမဝင် ပိတ်ဆို့အရေးယူမှုများ" ကို ငြင်းပယ်တဲ့ တရုတ်ရဲ့ "မူဝါဒဆိုင်ရာ ထုတ်ပြန်ချက်" ကို ကြိုဆိုကြောင်း ၎င်းက အိတ်စ် လူမှုကွန်ရက်ပေါ်တွင် ရေးတင်ခဲ့ပါတယ်။ "အီရန်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ အပြန်အလှန် လေးစားမှု၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုနဲ့ မာလ်တီပိုလာ (ကမ္ဘာ့အာဏာဗဟိုချက် အများအပြားရှိသော) ကမ္ဘာကြီးကို ရှေးရှုတဲ့ ဘုံမျှော်မှန်းချက်တွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်" လို့ ၎င်းက ရေးသားခဲ့ပြီး "ဒီဆက်ဆံရေးဟာ ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ ရယူဖို့ မလိုပါဘူး" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အီရန်နဲ့ စီးပွားရေး ဆက်လက်လုပ်ကိုင်နေတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေအပေါ် ဆင့်ပွား ပိတ်ဆို့အရေးယူမှုများ ချမှတ်မယ်ဆိုတဲ့ ဝါရှင်တန်ရဲ့ ခြိမ်းခြောက်မှုကို ဘေကျင်းက ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့ပြီးနောက် ၎င်း၏ ပြောကြားချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 အပြည်ပြည်ဆိုင်ရာ ဥပဒေကို အခြေခံဘဲ ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အတည်ပြုချက်လည်း မပါရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအနနဲ့ အီရန်နဲ့ ပြုလုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ညီညွတ်ပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း ပြောဆိုခဲ့ကာ ၎င်းရဲ့ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် "လိုအပ်သော အရေးယူဆောင်ရွက်မှု အားလုံး" ကို လုပ်ဆောင်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

ဝါရှင်တန်ကတော့ အီရန်ကို ကမ္ဘာ့စီးပွားရေးကနေ ပိုမိုသီးခြားခွဲထုတ်ဖို့ ထရမ့်အစိုးရအဖွဲ့၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် တနင်္လာနေ့မှာ အီရန်အပေါ် စီးပွားရေးဆိုင်ရာ အရေးယူဆောင်ရွက်မှု အသစ်များကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် က လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ သင်္ဘော အပါအဝင် ၆၀ နီးပါးကို ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပြီး တီဟီရန်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေး ထိန်းသိမ်းထားတဲ့ နိုင်ငံခြား နိုင်ငံများနှင့် ကုမ္ပဏီများ အရေးယူဒဏ်ခတ်ခံရမှုများနှင့် ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)