၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်


ပဲခူး၊ ဩဂုတ် ၁၁

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက် ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ အဆင့်အတန်းမီမီ ခင်းကျင်းပြသသွားရန်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် အခြား ဆက်စပ်သည့် ဒေသတွင်းစီးပွားရေးကိုလည်း အကျိုးဖြစ်ထွန်းစေသဖြင့် လာရောက်လည်ပတ်နိုင်သည့် အထင်ကရနေရာများ၊ သာယာလှပမှုများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို စနစ်တကျဖော်ပြ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပြသသွားရမှာ ဖြစ်ကြောင်းနှင့် ဆန်စပါးနှင့် ပဲအမျိုးမျိုး အဓိကထွက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ တန်ဖိုးမြှင့်ဆန်နှင့် ပြည်ပပို့ကုန်အဆင့်မီသော တန်ဖိုးမြှင့် ပဲအမျိုးမျိုးကိုလည်း တိုက်ရိုက်ချိတ်ဆက် တင်ပို့ရောင်းချနိုင်ရေး Information Center တစ်ခု ထည့်သွင်း ပြသနိုင်ရေး ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

 ထို့နောက် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြခန်းများခင်းကျင်းပြသနိုင်ရေး လုပ်ငန်းစဉ် များကိုလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြည်ပဈေးကွက် ခိုင်မာစွာ ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူးက ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ခရီးစဉ်နှင့် ခင်းကျင်းပြသသွားမည့် MSME ဒေသထွက်ကုန်ပစ္စည်းများ၏ အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

 ယင်းနောက် တောင်ငူကွန်ပျူတာတက္ကသိုလ်နှင့် ပြည်ကွန်ပျူတာတက္ကသိုလ်တို့မှ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသထွက်ကုန်များအား တစ်နေရာတည်း လွယ်ကူလျင်မြန်စွာ ချိတ်ဆက်မှာယူနိုင်ရေးအတွက် Bagoproductzone Website နှင့် Mobile Application တည်ဆောက်ပြီးစီး၍ e-Service ဖြင့် စတင်ဆောင် ရွက်နိုင်သည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

 ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ၂၃ ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲ ခရီးစဉ်နှင့်ပတ်သက်၍ ပုဂ္ဂလိကMSME လုပ်ငန်းရှင်များ လိုက်ပါပြသနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ ပုဂ္ဂလိကMSME လုပ်ငန်းရှင်များက ပြသသွား မည့် ကုန်စည်တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)