ချောင်းဦးမြို့နယ်၊ ရွှေးဒါးကျကျေးရွာ၊ ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် အား PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာ နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ရွှေးဒါးကျကျေးရွာ၊ ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် အား PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာ နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်



 

ချောင်းဦးမြို့နယ်၊ ရွှေးဒါးကျကျေးရွာ၊ ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် အား PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာ နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်


ရက်စွဲ ။   ။၂၀၂၆ခုနှစ်၊ သြဂုတ်လ (၃၀)ရက်

၁။ NUG၊ CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်သော လုပ်ရပ်များကို အလွန်အမင်း ကျူးလွန်လျက်ရှိသည်။ ၂၀၂၆ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့ ညပိုင်းတွင် PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာ၊ ရွှေသိမ်တော်ကျောင်းသို့ ရောက်ရှိလာပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် အရှင်ဣန္ဒာစာရ သက်တော် (၅၂)နှစ်၊ ဝါတော် (၂၂)ဝါ အား ကျေးရွာနေ လူပုဂ္ဂိုလ် (၇)ဦး နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၂။ ထိုသို့ PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆရာတော် အရှင်ဣန္ဒာစာရ အား တုတ်ဖြင့်ရိုက်နှက်နှိပ်စက်ခြင်း၊ မီးစနှင့်ထိုးခြင်း၊ လက်ချောင်းနှင့် ခန္ဓာကိုယ်အချို့နေရာများတွင် ဓားဖြင့် လှီးဖြတ်ခြင်းများ ပြုလုပ်ပြီး ရက်စက်စွာ အကြမ်းဖက်နှိပ်စက်မှုများကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ရပြီး ဆရာတော်၏ ရုပ်အလောင်းအား ၂၀၂၆ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ နံနက် မထိသာကျေးရွာအနီးသို့ လာရောက်ယူဆောင်ရန် အကြောင်းကြားသဖြင့် ကျေးရွာနေပြည်သူများက သွားရောက်သယ်ဆောင်ပြီး ရွှေဒါးကျကျေးရွာ၌ မီးသင်္ဂြိုဟ်ပေးခဲ့ကြရသည်။

၃။ မှတ်တမ်းရုပ်သံတွင် တွေ့မြင်ရသည်မှာ PDF အကြမ်းဖက်သမားများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် ဆရာတော်၏ ခန္ဓာကိုယ်အနှံ့ အညိုအမဲစွဲ၍ မြင်ရက်ဖွယ်ရာမရှိအောင် နှိပ်စက်ညှဉ်းပမ်းထားသည်ကို တွေ့မြင်ခဲ့ရပါသည်။ PDF အကြမ်းဖက်သမားများအနေဖြင့် တော်လှန်ရေးဟုခေါင်းစဉ်တပ်၍ အသံကောင်းဟစ်နေကြသော်လည်း လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရာတွင် လက်နက်မဲ့ ရဟန်းရှင်လူ ပြည်သူများပေါ် လူမဆန်သည့် လုပ်ရပ်များ ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်ခဲ့ကြသည်။ ဆရာတော် အရှင်ဣန္ဒာစာရ အပါအဝင် PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကြောင့် သံဃာတော် (၁၁၂)ပါး ပျံလွန်တော်မူခဲ့ရပြီး ဖြစ်ပါသည်။

၄။ ထိုသို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် လက်နက်ကိုင်၍ နှိပ်စက်ညှဉ်းပမ်း ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များ လုပ်ဆောင်နေခြင်းသည် (ပြည်သူ့ကာကွယ်ရေးဟု အမည်ခံထားသော PDF အကြမ်းဖက်သမားများ) အသိဉာဏ်ဆင်ခြင်တုံတရား ခေါင်းပါးပြီး၊ လူ့အသိတရား မရှိသော သူယုတ်မာများ၏ အောက်တန်းကျသော လုပ်ရပ်ဖြစ်ခြင်းကြောင့် ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ရှုတ်ချသည်။ PDF အကြမ်းဖက်သမားများသည် ပြည်သူ့ကာကွယ်ရေး လုပ်နေခြင်း မဟုတ်ဘဲ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းနေခြင်း ဖြစ်သဖြင့် ပြည်သူ့ချဉ်ပတ် - PDF အကြမ်းဖက်သမားများ က အရှင်ဣန္ဒာစာရအား ရက်စက်စွာ နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်သော လုပ်ရပ်နှင့် ပတ်သက်၍ ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်း ထပ်လောင်းဖော်ပြပါသည်။

၅။ အရှင်ဣန္ဒာစာရ ဖမ်းဆီးခံရပြီး ရက်စွာနှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ကို လေ့လာကြည့်ပါက ဖမ်းဆီးခံရပြီး တစ်ပတ်ခန့် အချိန်ကာလအတွင်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်း ခံထားရသော ဆရာတော်နှင့် ကျေးရွာနေပြည်သူများ လွတ်မြောက်ရေးအတွက် ကယ်တင်ဆောင်ရွက်ပေးခဲ့ခြင်း အလျဉ်းမရှိသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများသည်လည်း အကြမ်းဖက်သမားများနည်းတူ ပြည်သူတို့၏ အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်ခြင်းမရှိ၊ အသတ်ခံရသည်အထိ ကယ်တင်ပေးခြင်း မရှိဘဲ မျက်ကွယ်ပြုထားသော လုပ်ရပ်သည် တာဝန်မဲ့သူတို့၏ လုပ်ရပ်ပင်ဖြစ်သည်။

၆။ အဆိုပါ ဖြစ်စဉ်ကို အကြောင်းပြု၍ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများအနေဖြင့် သတိပြုသင့်သည်မှာ တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများသည် ရဟန်းရှင်လူပြည်သူများအပေါ် ကာကွယ်မှုပေးလိုစိတ် အပြည့်အဝ မရှိ၊ အကြမ်းဖက်အဖွဲ့အဖြစ် ရပ်တည်နေသော PDF အကြမ်းဖက်အဖွဲ့များကလည်း လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများကို ၎င်းတို့ ဆန္ဒရှိသလို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ရဟန်းရှင်းလူပြည်သူများမှာ အေးချမ်းစွာနေထိုင်လိုသော်လည်း တာဝန်မဲ့သူများနှင့် အကြမ်းဖက်သမားများကြား အေးချမ်းစွာ နေထိုင်နိုင်ခြင်းမရှိဘဲ အချိန်မရွေး အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရနိုင်သည် ဖြစ်ရာ PDF အကြမ်းဖက်အဖွဲ့များ အခြေပြုလှုပ်ရှားရာ ဒေသများမှ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဘေးလွတ်ရာ ရှောင်ရှားနေထိုင်ကြရန် ကောင်းစွာ အကြံပြုတိုက်တွန်းသည်။

၇။ PDF အကြမ်းဖက်သမားများအနေဖြင့် မိမိတို့၏ မူလရည်ရွယ်ချက်နှင့် မိမိတို့ လက်ရှိလုပ်ဆောင်လျက်ရှိသော ရဟန်းသံဃာတော်များ ဖမ်းဆီးသတ်ဖြတ်ခြင်း အပါအဝင် လူမဆန်သည့် လုပ်ရပ်များကို နှိုင်းချိန်စဉ်းစား၍ ပြန်လည်သုံးသပ်သင့်ပါသည်။ ပြည်သူ့ကာကွယ်ရေးဟု အမည်ခံ၍ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် နည်းမျိုးစုံဖြင့် အောက်တန်းကျ ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်နေခြင်းများကို ဆက်လက်လုပ်ဆောင်ခြင်း မပြုလုပ်ရန်နှင့် ဖမ်းဆီးထားသော လူပုဂ္ဂိုလ်များကို အသက်အန္တရာယ်မပြုဘဲ  ပြန်လွှတ်ပေးရန်၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ရဟန်းရှင်လူပြည်သူများ အတိဒုက္ခရောက်နေချိန်တွင် အချိန်နှင့်တပြေးညီ ရှာဖွေကူညီကယ်တင်ပေးရန် နေပြည်တော်အမျိုးသားရေးအဖွဲ့ နှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ပူးတွဲ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။


နေပြည်တော်အမျိုးသားရေးအဖွဲ့၊

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)