ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ပေး


နေပြည်တော်၊ ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အုတ်တွင်းမြို့နယ် ဦးစီးမှူးရုံး၌ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေ အတိုး/အလျှော့လုပ်ငန်းစဉ်များ၊ အသက် (၁၈) နှစ်ပြည့်ပြီးအကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပျက်စီး/ ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကောက်ယူမှုတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုကိုလည်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့အတူ တောင်ငူမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သွေးအမျိုးအစားစစ်ဆေးဆောင်ရွက်ပေးနေမှု၊ မြို့နယ်အဆင့်ငါးဦးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု၊ တောင်ငူမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကတ် ကောက်ယူဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်တို့ကို ကာယကံရှင် ကျောင်းသား ကျောင်းသူတစ်ဦး ချင်းထံပေးအပ်ကာ မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ၊ ကျောင်းသူများအတွက် အာဟာရမုန့်များ ဝေငှပေးအပ်သည်။

အဆိုပါခရီးစဉ်အတွင်း တောင်ငူမြို့ ဧည့်ရိပ်သာခန်းမ၌ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)