ဝမ်းတွင်း၊ သြဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ အိမ်သုံးမီတာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Website သို့ဝင်ရောက်၍ Online စနစ်ဖြင့် လျှောက်ထားရေး အသိပညာပေးလက်ကမ်းစာစောင်များကို သြဂုတ် ၃၁ ရက် နံနက်က သဲတောဈေးတွင် ဖြန့်ဝေသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Website သို့ ဝင်ရောက်၍ Online စနစ်ဖြင့် အိမ်သုံးမီတာများကို လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)မှ စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သတ်မှတ်ချက်များ ပြည့်စုံစွာစီစစ်ဆောင်ရွက်ပြီးပါက အမြန်ဆုံးတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ Online စနစ်ဖြင့် မီတာများလျှောက်ထားရာတွင် ဒေသခံပြည်သူများသိရှိနိုင်ရေး မြို့နယ်လျှပ်စစ်ဝန်ထမ်းများက မီတာလျှောက်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး Online စနစ်ဖြင့် မီတာများလျှောက်ထားနည်း အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
#News #Myanmar

No comments:
Post a Comment