ညောင်တုန်းမြို့နယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်


ညောင်တုန်း၊ ဩဂုတ်  ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ အောက်စု ကျေးရွာ၊ ဧရာဝတီမြစ်အတွင်း ယနေ့ နံနက်ပိုင်းက ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်အောင်မြို့မှ ပုဇွန်တောင်မြို့နယ်သို့ ရေယာဉ်မောင်း၊ လုပ်သား(၁၀)ဦးနှင့် ကျောက်ကျင်း(၁၅၀) တင်ဆောင်လာသော အလျား(၁၈၀)ပေ၊ အနံ(၄၀)ပေရှိ ကျောက်သယ် တွဲသင်္ဘောသည် ညောင်တုန်းမြို့နယ်၊ စက္ကောတောင်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာ၊ မြစ်ဧရာဝတီမြစ်ကမ်းရှိ OHC လမ်းဆောက်ရေး ကုမ္မဏီ၏ သဲ/ ကျောက်ကွင်း ဆိပ်ကမ်းသို့ဝင်ရောက် ညအိပ်ရပ်နားစဉ် သင်္ဘောဝမ်းဗိုက်အား ရေအောက်မှ သစ်ပင်ငုတ်ဖြင့် ထိုးမိသည့်အား မသိရှိဘဲ သင်္ဘောကပ်၍ ညအိပ်စဉ် ဩဂုတ်လ၊ ၃၁ရက် နံနက် ၁နာရီတွင် သင်္ဘောဝမ်းဗိုက်အတွင်း ရေစိမ့်ဝင်ကာ သင်္ဘောတိမ်းဆောင်း၍ ကျောက်များမြစ်အတွင်းထွက်ကျ တိမ်းဆောင်မှောက် သွားခဲ့ပြီး တိမ်းမှောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းသိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)