ဒုတိယသမ္မတ ဦးညို ကျင်းပရေးကော်မတီ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ် မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ ဦးညို ကျင်းပရေးကော်မတီ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ် မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ




ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၁

ရုရှားဖက်ဒ ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်သို့တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက် ထရိုဗစ်ချ် ထရုညက်ဖ်နှင့် စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံပြီး မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး၊ ပညာရေးကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတိုးမြှင့် အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလာဒီဗော့စတော့မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ် နိုင်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေး ကော်မတီ အမှုဆောင်အတွင်းရေးမှူး မစ္စတာ အန်တွန် ကိုဗျာကော့ဗ်၊ ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါး ရှတီရော့ဗ်တို့နှင့် ဗလာဒီဗော့ စတော့မြို့၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲများသို့ ဒုတိယသမ္မတနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ မြန်မာ သံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)