ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် အစည်းအဝေး ပထမအကြိမ် ပြန်လည်ကျင်းပသည့် ဆွေးနွေးပွဲ၌ မြန်မာအဖွဲ့ရုံးယာယီတာဝန်ခံ ဆွေးနွေးပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် အစည်းအဝေး ပထမအကြိမ် ပြန်လည်ကျင်းပသည့် ဆွေးနွေးပွဲ၌ မြန်မာအဖွဲ့ရုံးယာယီတာဝန်ခံ ဆွေးနွေးပြောကြား



ဗီယင်နာ၊ စက်တင်ဘာ ၁

ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် အစည်းအဝေး ပထမအကြိမ် ပြန်လည်ကျင်းပသည့် ဆွေးနွေးပွဲကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာတွင် ၃၁-၈-၂၀၂၆ ရက်မှ ၄-၉-၂၀၂၆ ရက်အထိ ပြုလုပ်လျက်ရှိရာ၊ အစည်းအဝေးပထမနေ့တွင် ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်ကိုမင်းက UNCAC အကောင်အထည်ဖော်မှုဆိုင်ရာ ယန္တရားနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာအဖွဲ့ရုံးယာယီတာဝန်ခံက ၂၀၂၇ ခုနှစ်တွင် စတင်မည့် ဒုတိယအဆင့် ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ အကြံပြုချက်များ၊ မြန်မာနိုင်ငံအနေဖြင့် UNCAC အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်များ ပိုမိုခိုင်မာအားကောင်းလာစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ၂၀၂၆ ခုနှစ်တွင် (၂၂) ကြိမ်မြောက် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအမှူးများအစည်းအဝေး၊ ၂၀၂၇ ခုနှစ်တွင် (၂၃) ကြိမ်မြောက် အတွင်းရေးမှူးရုံးအဖွဲ့အစည်းအဝေးတို့ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)