M League မှာ ဘာတွေဖြစ်နေလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

M League မှာ ဘာတွေဖြစ်နေလဲ


(ကျော်မင်းဦး က ဒိုင်လူကြီးကို ညစ်ညမ်းစွာ ဆဲဆို၊ အောင်ကောင်းမာန် က ပြိုင်ဘက်အသင်းဂိုးသမားကို အလားတူ ဆဲရေးခဲ့သည်ကို တွေ့ရှိခဲ့ရ)

M League ၏ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် ဩဂုတ်လ ၃၀ ရက်က တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာကွင်း၌ ကျင်းပခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၊ ပွဲစဉ်အမှတ်(၆) ရန်ကုန်စီးတီးအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်အက်ဖ်စီပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ယနေ့ စက်တင်ဘာ ၁ ရက်၌ အစည်းအဝေးပြုလုပ်ကာ အရေးယူပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ချမှတ်ရာတွင် ပြိုင်ပွဲတာဝန်ကျ မီဒီယာအရာရှိ၏ အစီရင်ခံစာ၊ ပြိုင်ပွဲကြီးကြပ်အစီရင်ခံစာ၊ တာဝန်ကျဒိုင်လူကြီးအဖွဲ့၏ အစီရင်ခံစာ၊ ရုပ်သံမှတ်တမ်းများနှင့် ဓာတ်ပုံအထောက်အထားများကို အသေးစိတ်ကြည့်ရှုကာ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

(က) - နှစ်ဖက်အသင်းကစားသမား (၂) ဦးအား အနီကတ်ပြ ထုတ်ပယ်ခြင်းသည် မှန်ကန်ပါသည်။

(ခ) - ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့သည် ပြိုင်ပွဲအပြီး မီဒီယာအင်တာဗျူး အစီအစဉ်တွင် ဖြေကြားပြောဆိုခဲ့ခြင်းသည် တာဝန်ကျဒိုင်လူကြီးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇) အား ကျူးလွန်ခြင်းဖြစ်သည်ကို တွေ့ရှိရခြင်းကြောင့် ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇)နှင့် အပိုဒ်ခွဲ (၁၈) တို့အရ  ဒဏ်ကြေးငွေကျပ် ခုနစ်သိန်း (၇၀၀,၀၀၀)တိတိစီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

(ဂ) - ပွဲချိန် (၅၆) မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၃၃) ကျော်မင်းဦးသည် ကွင်းလယ်ဒိုင်လူကြီးကို ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ထို့အပြင် ပွဲချိန် (၆၆)မိနစ်တွင် ရန်ကုန်စီးတီးအသင်းမှ ကျောနံပါတ်(၇) အောင်ကောင်းမာန်ကလည်း ပြိုင်ဘက်အသင်းဂိုးသမားကို အလားတူ ဆဲရေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ(၁၀)နှင့် (၁၈)အရ ကျော်မင်းဦးကို အနီးကပ်ဆုံး(၂)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၃)သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အောင်ကောင်းမာန်ကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ(၂)နှင့် (၁၈)အရ အနီးကပ်ဆုံး(၂)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၃)သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)