တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်





တနင်္သာရီ၊ စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေမြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာများနှင့် ရပ်ကွက်အချို့တွင် ရေဝင်ရောက်လျက်ရှိပြီး အခြေခံပညာကျောင်း ၁၇ ကျောင်းကို ယနေ့နံနက်ပိုင်းကစတင်၍ ယာယီပိတ်ထားရကြောင်း သိရသည်။

ထို့‌နောက် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပညာသင်ကြားရေးအဆင်ပြေစေရေးအတွက် ရေဝင်ရောက်မှုရှိသည့် အထက-ညောင်ပင်ကွင်း၊ အလက-လယ်တောင်ယာ၊ မူလွန်မော်တုန်းအရှေ့၊ မူလွန်-ဘန်းသဲ၊ အမက-အောက်ကင်းအရှေ့၊  အမက-တပ်ဦး၊ အမက-ကျောက်မီးကျောင်း၊ အမက-ထုံနွယ်၊ အမက-မြေမအုံ၊ အမက-မြန်မာအင်းတော်၊ အမက-ကြိမ်ချောင်းဝ၊ အထက-တနင်္သာရီ၊ အထက-မော်တုန်း၊  အထက (ခွဲ)ဇဝဲ၊ မူလွန်-ကတော့ကမ်း၊ အမက-ဇလုံး၊ အမက(ခွဲ) ဗောဒိကမ်း စသည့်အခြေခံပညာကျောင်း ၁၇ ကျောင်းကို ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့် မိုးရွာသွန်းမှုနှင့်မြစ်ရေမြင့်တက်မှုအခြေအနေများကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)