ညောင်ဦးမြို့ သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်၌ သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့ သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်၌ သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲလှူဒါန်း





ညောင်ဦး၊ စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နှင့်အမျိုးသမီးရေးရာအဖွဲ့က ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်သို့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးကာ  ဆန်၊ ဆီ၊ ဆား၊ ပဲဝါ လေးများလှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်း ဦးဆောင်သောအဖွဲ့သည် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုး ဦးဆောင်သောဝန်ထမ်းများသည် သာသနာ့ရောင်ခြည်သီလရှင်စာသင်တိုက်ရှိ သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲဝါလေးများနှင့် နဝကမ္မအလှူငွေများ  လှူဒါန်းခဲ့ကြောင်း သိရသည်။


ဒီပါလင်း

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)