ဟူသီတွေကို တိုက်ဖို့ ယူကေက ဆော်ဒီဘက်ကနေ ဝင်ကူပေးမယ်လို့ ကတိပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟူသီတွေကို တိုက်ဖို့ ယူကေက ဆော်ဒီဘက်ကနေ ဝင်ကူပေးမယ်လို့ ကတိပြု


စက်တင်ဘာ - ၂၃ ( ဗုဒ္ဓဟူးနေ့ ) 

ယီမင်နိုင်ငံက ဟူသီသူပုန်တွေနဲ့ တင်းမာမှုတွေ မြင့်တက်လာနေတဲ့အတွက် ဆော်ဒီအာရေဗျနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးသွားမယ်လို့ ဗြိတိန်နိုင်ငံက ကတိပြုလိုက်ပါတယ်။ ဒေသတွင်း ကုန်သွယ်ရေးနဲ့ စွမ်းအင်ဖြန့်ဖြူးမှုတွေအပေါ် ခြိမ်းခြောက်မှုတွေ တိုးလာနေတာကြောင့် အခုလို ကူညီပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေဗျနဲ့ မြောက်ပိုင်းယီမင်ဒေသအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေအကြားမှာ လအတန်ကြာ ငြိမ်သက်နေခဲ့ပြီးနောက်ပိုင်း မကြာသေးခင်ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့ပါတယ်။ ဟူသီတွေဟာ ဆော်ဒီနယ်မြေဘက်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ရီယာဒ်(ဆော်ဒီအစိုးရ)ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ တပ်ဖွဲ့တွေကလည်း ယီမင်နိုင်ငံထဲမှာ သူပုန်တွေကို ပြန်လည် တိုက်ခိုက်နေကြပါတယ်။

ဆော်ဒီအစိုးရရဲ့ တောင်းဆိုချက်အရ ဗြိတိန်နိုင်ငံဟာ RAF Voyager လို့ခေါ်တဲ့ လေကြောင်းကနေ ဆီဖြည့်ပေးနိုင်တဲ့ တိုက်လေယာဉ်တစ်စင်းကို အဲဒီဒေသဆီ စေလွှတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်က ယီမင်နိုင်ငံတွင်းက ဆော်ဒီရဲ့ "ခုခံကာကွယ်ရေး လုပ်ဆောင်ချက်တွေ" အတွက် လေထဲမှာတင် ဆီဖြည့်ပေးမယ့် အထောက်အပံ့တွေကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒုံးကျည် ကြားဖြတ်ဟန့်တားရေး ပစ္စည်း လက်ကျန်တွေ လျော့နည်းလာတာကြောင့် ဆော်ဒီအစိုးရဟာ နိုင်ငံအသီးသီးဆီကနေ စစ်ရေးအကူအညီတွေ တောင်းခံနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီယာဒ်ဘက်က အမေရိကန် စစ်ရေးအကူအညီပေးဖို့ တိုက်ရိုက် တောင်းဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဟူသီတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တိုက်ခိုက်မှုကို လက်တွန့်ခဲ့ပြီး အဲဒီအစား ဆော်ဒီကို ထောက်လှမ်းရေး အချက်အလက်တွေနဲ့ ပစ်မှတ်ဆိုင်ရာ အချက်အလက်တွေကိုသာ ပံ့ပိုးပေးခဲ့ပါတယ်။


REF: RT

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)